>2010 quake in Haiti and 2008 cyclone in Burma

>

ဟေတီငလျှင် လူငါးသောင်းသေဆုံး၊ နိုင်ငံတကာက မြန်ဆန် ရက်ရောစွာ ကူညီ
မိုးမခ အထောက်တော် အမှတ် ၀၀၃
ဇန်န၀ါရီ ၁၅၊ ၂၀၁၀ ငလျှင်ကြောင့် သေဆုံးသွားသူများကို စုပုံထားသည့် မြင်ကွင်းတခု (ဓာတ်ပုံ – UN)

ဟေတီနိုင်ငံတွင် အင်္ဂါနေ့က ဖြစ်ပွားခဲ့သော ငလျှင်ကြီးကြောင့် လူ ငါးသောင်း ၀န်းကျင် သေဆုံးသည်ဟု ကယ်ဆယ်ရေး အဖွဲ့များက ခန့်မှန်းကြသည်။

ရစ်တာစကေး ၇ ရှိသည့် ငလျှင်ကြောင့် ပို့အော်ပရင့်စ်မြို့တော်တွင် အပျက်အစီး ကြီးများပြီး ဒဏ်ရာရသူ အများအပြားရှိသည်ဟု သိရသည်။ ငလျှင်လှုပ်သည့် ဒေသတွင် လူပေါင်း ၃ သန်းကျော် နေထိုင်သည်ဟု ဆိုသည်။

ကူညီကယ်ဆယ်ရေး လုပ်ငန်းများအတွက် နိုင်ငံတကာ အစိုးရများ၊ အဖွဲ့အစည်းများက မြန်ဆန် ရက်ရောစွာ ကူညီနေသည်ကိုလည်း တွေ့ရသည်။

အမေရိကန် အစိုးရက ဒေါ်လာ သန်း ၁၀၀ ကူညီမည်ဟု ဆိုသည်။ ဟေတီသို့ သင်္ဘောများ၊ ရဟတ်ယာဉ်များ၊ ကုန်တင်လေယာဉ်များ နှင့် စစ်သား ၂၀၀၀ ပို့လိုက်သည်ဟု AP သတင်းတပုဒ်တွင် ရေးထားသည်။

ဟေတီသို့ ရောက်သွားသော အမေရိကန် စစ်သားများက ဟေတီရှိအပျက်အစီးများကို မြင်လိုက်ရသောအခါ အံ့သြတုန်လှုပ်သွားကြကြောင်း CNN သတင်းတပုဒ်တွင် ရေးထားသည်။

ထိုသို့သော ကူညီမှုမျိုးသည် လူတသိန်းကျော် သေဆုံးခဲ့သော မြန်မာနိုင်ငံ နာဂစ်မုန်တိုင်းဒေသသို့ ရောက်ရှိခဲ့ခြင်း မရှိပါ။


ဟေတီသို့ ယနေ့ ရောက်သွားမည့် အမေရိကန် လေယာဉ်တင် သင်္ဘော USS Carl Vinson (ဓာတ်ပုံ – AP) အရေးပေါ်အကူအညီများ ပေးမည့် စစ်သင်္ဘော USS Carl Vinson တွင် ပါဝင်မည့် ရဟတ်ယာဉ်များ (Reuters)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts