>Visiting Foreigners In Burma Taking Up Position To View Solar Eclipse

>

နေကြတ်ခြင်းကို ကြည့်လိုသူများ မြန်မာပြည်သို့သွား
BERNAMA သတင်းဌာန
ဇန်န၀ါရီ ၁၄၊ ၂၀၁၀
ပြီးခဲ့သည့်နှစ် ဇန်န၀ါရီ ၂၆ ရက်နေ့က ဖြစ်ပေါ်ခဲ့သော နေကြတ်ခြင်းကို ကြည့်ရှုနေကြသည့် ရန်ကုန်မြို့မှ ကိုရင်ငယ်များ။ [ ဓာတ်ပုံ – AP/khin maung win ]


သောကြာနေ့တွင် တွေ့ရမည့် အကြာဆုံး နေကြတ်မှု ဖြစ်စဉ်ကို ကြည့်ရှုလိုသည့် နိုင်ငံခြားသားများ မြန်မာပြည် ဒေသအသီးသီးတွင် ရောက်ရှိနေကြသည်ဟု တရုတ်နိုင်ငံ ဆင်ဟွာသတင်းဌာနက သတင်းတပုဒ်တွင် ရေးထားသည်။

စစ်တွေ၊ ရွှေဘို၊ မန္တလေး၊ မုံရွာ၊ မေမြို့၊ လားရှိုး စသည့်ဒေသများရှိ ဟိုတယ်များတွင် ပြည်ပခရီးသည်များဖြင့် ပြည့်နေကြောင်း သိရသည်။

နေကြတ်ချိန် ၁၁ မိနစ် ၈ စက္ကန့်ဖြစ်မည်ဟု ခန့်မှန်းချက် ထွက်ပေါ်နေပြီး ဤရာစုနှစ်အတွင်း အကြာမြင့်ဆုံး နေကြတ်မှု ဖြစ်မည်ဟု ဆိုသည်။

ဇူလိုင်လ ၁ ရက်နေ့တွင်လည်း နေကြတ်ခြင်းကို တွေ့ရဦးမည်ဟု မြန်မာပြည်မှ ဝေဒပညာရှင်များက ဆိုသည်။

မြန်မာပြည်သည် နောက်တကြိမ်နေကြတ်မှုကို ၂၀၈၅ ခု ဇန်န၀ါရီလ ၂၂ ရက်နေ့တွင်မှ တွေ့ရမည်ဟု ၎င်းတို့က တွက်ချက်ထားသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts