>
အစုန်အဆန်များ
ဂေါ်ရှယ်
ဇန်န၀ါရီ ၁၀၊ ၂၀၁၀
“သီတာမ”
လို့ ခေါ်လိုက်တာနဲ့
“ရှင်”
ထူးသံနဲ့ အတူ ခေါ်သူအိမ်ရှင်ရဲ့အရှေ့ကို ရောက်နေပြီးသားပါပဲ။ ခိုင်းချင် ရာ ခိုင်း ဆိုတဲ့သဘောပေါ့။
အိမ်ရှင်မိသားစုမှာ လင်မယားနှစ်ယောက်ရယ် ၁၆ နှစ် အရွယ် သားထွေး တယောက်ရယ်ပဲ ရှိပြီး အခြားသားသမီးတွေကတော့ နိုင်ငံရပ်ခြားမှာလို့ သိခဲ့ရတယ်။ အိမ်ရှင်သားထွေးလေးက ၁၆ နှစ် အရွယ် ဆိုပေမယ့် သူ့မိဘတွေရဲ့ မျက်စိထဲမှာတော့ တကယ့်ကို နို့မပြတ်သေးတဲ့ ကလေးလေးတယောက်လို ချစ်ဆဲ၊ ယုယဆဲ ပိုက်ထွေးထားဆဲပါဘဲ။
အိမ်ရှင်မိသားစုမှာ လင်မယားနှစ်ယောက်ရယ် ၁၆ နှစ် အရွယ် သားထွေး တယောက်ရယ်ပဲ ရှိပြီး အခြားသားသမီးတွေကတော့ နိုင်ငံရပ်ခြားမှာလို့ သိခဲ့ရတယ်။ အိမ်ရှင်သားထွေးလေးက ၁၆ နှစ် အရွယ် ဆိုပေမယ့် သူ့မိဘတွေရဲ့ မျက်စိထဲမှာတော့ တကယ့်ကို နို့မပြတ်သေးတဲ့ ကလေးလေးတယောက်လို ချစ်ဆဲ၊ ယုယဆဲ ပိုက်ထွေးထားဆဲပါဘဲ။
၈ နှစ် အရွယ် မသီတာလေးကတော့ အဲဒီအိမ်မှာ ကူဖော်လှောင်ဖက်မကတဲ့ အိမ်မှုကိစ္စ အဝဝ ကို သိမ်းကျုံး လုပ်ပေးနေရတဲ့ အိမ်ဖော်မလေးပါ။ နံနက် ၅ နာရီ က စပြီး ည ၁၂ နာရီ အထိ မသီတာလေးရဲ့ လှုပ်ရှား သွားလာသံ ချက်ပြုတ်သံ ထုထောင်းသံတွေကို ကြားနေခဲ့ရတယ်။
“သီတာမ ငါ့အတွက် လမ်းထိပ်မှာ မုန့်သွားဝယ်ပေး”
ဆိုတာနဲ့ မသီတာလေး အပြေးအလွှား သွားဝယ်ပေးခဲ့တယ်။
၁၆ နှစ် သား အရွယ် မုန့်ပဲသွားရည်စာကို တမြမြ စားနေပေမယ့် မသီတာလေးကတော့ “ငါလည်း မုန့်စားချင်လိုက်တာ …” လို့ တွေးမိကောင်း တွေးမိလိမ့်မယ်၊ေ တာင့်တကောင်း တောင့်တမိဖူးလိမ့်မယ်။ မသီတာလည်း ကလေးလေး ပဲလေ။
၁၆ နှစ် သား အရွယ် မုန့်ပဲသွားရည်စာကို တမြမြ စားနေပေမယ့် မသီတာလေးကတော့ “ငါလည်း မုန့်စားချင်လိုက်တာ …” လို့ တွေးမိကောင်း တွေးမိလိမ့်မယ်၊ေ
နံနက် ၈ နာရီ ခွဲ – ညနေ ၃ နာရီ ခွဲ ကျောင်းတက် ကျောင်းဆင်းချိန်၊ အဖြူ အစိမ်း ကျောင်းဝတ်စုံနဲ့ ရွယ်တူကလေးလေးတွေကို မသီတာ တချက်ကြည့်ပြီး သူ့ရဲ့ အိမ်မှုကိစ္စတွေကိုပဲ ပြန်လုပ်နေခဲ့တယ်။ မသီတာ ရင်ထဲကဆန္ဒ တစုံတခုကို မဖြစ်နိုင်မှန်း သိလို့ လစ်လျှူရှု လိုက်တာလား၊ ဒါမှမဟုတ် ဗလာနတ္ထိ လား ဆိုတာကိုတော့ ဘယ်သူကမှ မသိနိုင်ခဲ့ပါဘူး။
တနေ့ အဲဒီအိမ်ကို လူလတ်ပိုင်းအရွယ် မိ န်းမတယောက် လာတယ်။ ခဏလေးနေပြီး ပြန်ထွက်သွားရော။ သိလိုက်ရတာက –
“အဲဒါ မသီတာအမေ လေ။ တလ တခါ မသီတာရဲ့ လုပ်ခ လာထုတ်တာလေ” တဲ့။
မသီတာရဲ့မိခင်တယောက်အနေနဲ့ကော … အရွယ်မရောက်သေးတဲ့ သမီးလေးကို မေတ္တာတွေ ပေးပြီး မျက်စိအောက်မှာ ထားချင်မှာပဲ။ေ ကျာင်းနေရမယ့်ကလေးအရွယ်မို့ ကျောင်းထားချင်မှာပါပဲ။ ပညာတတ်စေချင်မှာပါပဲ။ လူမမယ် ကလေးငယ်တယောက်ရဲ့ လုပ်အားခကိုေ ရာ ဘယ်မိဘကများ စားရက်မှာတဲ့လဲ။ ကြပ်တည်းလွန်းလှတဲ့ စားဝတ်နေရေးကြောင့် မလွဲသာ မရှောင်သာလို့ သွား ထားခဲ့ရတာပဲ နေမှာပါ။
မိဘရှိလျှက်နဲ့ အေးမြတဲ့မိဘရင်ခွင်ကို တောင့်တရမှန်း မသီတာလေး မသိခဲ့ပါဘူး။ ဘာအတွက်ကြောင့် ပညာသင် ကျောင်းတက် နေရတာလဲ … မသီတာ မတွေးမိခဲ့ပါဘူး။ ချိုမြတဲ့ ရယ်မောပျော်ရွင်ခြင်းဆိုတာ မသီတာ နဲ့ မဆိုင်သလိုပါပဲ။ ကျန်းမာရေးအတွက် လိုအပ်တဲ့ အိပ်သင့်ချိန် ဆိုတာ ဘာမှန်းတောင် မသီတာလေး မသိခဲ့ပါဘူး။ မသီတာလေးသိတာက အိမ်ရှင်တွေအလိုကျ စိတ်တိုင်းကျ အိမ်မှုကိစ္စတွေ လုပ်ဆောင်ပေးဖို့ပါပဲ။
“မြန်မာပြည်မှာ မသီတာကဲ့သို့ မသီတာလေးတွေ အများကြီးပါပဲ”
(ဇန်န၀ါရီ ၁၊ ၂၀၁၀)