>Artist Htein Lin did his installation at Singapore’s Fringe Festival

>

စင်္ကာပူက အနုပညာနဲ့ ဥပဒေဆိုတဲ့ ပြပွဲကျင်းပ၊ ပန်းချီထိန်လင်းက တရားရဲ့ချိန်ခွင် တင်ဆက်

မိုးမခအထောက်တော် စင်ကာပူ
ဇန်န၀ါရီ ၉၊ ၂၀၁၀
          စင်္ကာပူက အမ်ဝမ်းကုမ္ပဏီက Singapore Fringe Festival 10 – (မြန်မာလို အနားသပ်စည်း၊ အပိုင်းအခြား) ပွဲတော်မှာ Art & The Law ဆိုတဲ့ (အနုပညာနှင့် ဥပဒေ) ပြပွဲတခုကို Esplanade ပြခန်းမှာ ဒီလ ၇ ရက်ကနေ ၁၀ ရက်အထိ ပြသနေပါတယ်။ စင်္ကာပူ၊ မလေးရှား၊ ထိုင်ဝမ်၊ ခရိုအေးရှား၊ အင်္ဂလန်၊ ဘယ်လဂျီယံ၊ ဆလိုဗေးကီးယား၊ ဂျပန်၊ အမေရိကန်၊ အီရန်၊ သြစတြေးလျ တို့က ပညာရှင်များနဲ့အတူ မြန်မာပြည်က ပန်းချီထိန်လင်းရဲ့ အင်စတောလေးရှင်း – အနုပညာတင်ဆက်မှုလည်း ပါတယ်လို့ ဆိုပါတယ်။

          သူ့တင်ဆက်မှုက တရားရဲ့ချိန်ခွင်ပါတဲ့။ အဲသည်မှာ အုတ်တွေကို ထောင်စည်းရိုးသဖွယ် စီတန်းထားပြီး၊ အဲသည်စည်းထဲမှာ လေသွင်းလက်အိတ်တွေ မြှောက်ထောင်ထားတာနဲ့ ဖြည့်ထားပါတယ်။ အဲသည်ရဲ့ အမိုးမှာက ချိန်ခွင်တလက်က ကောင်းကင်မည်းကြီးအောက်မှာ တန်းလန်းဆွဲလို့ပါ လို့ မျက်မြင်တဦးက ဖောက်သည်ချထားပါတယ်။

          ပန်းချီထိန်လင်း ရဲ့ အင်စတော်လေးရှင်းကို တင်ဆက်ဖို့ သူပြင်ဆင်နေပုံတွေကို မျှဝေခဲ့လို့ အခုလို တွေ့ခဲ့ရပါသေးတယ်။ 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts