>Min Thu Wun and his poems

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

တကြော့နှစ်ကြော့ တေးကိုသီ
ရန်ဝင်း (တောင်တံခါး)
ဇန်န၀ါရီ ၉၊ ၂၀၁၀

ဒီသီချင်းကလေးက ကျွန်တော်တို့ ငယ်ငယ်ကတဲကစလို့ ဒီနေ့အထိ ရင်ထဲမှာ ရိုက်ခတ် တိုးဝှေ့နေဆဲ၊ ခံစားနေရဆဲပါပဲ။ ဆရာကြီးမင်းသုဝဏ်ရဲ့လက်ရာပါလို့လဲ မှတ်မိကြမှာပါ။ မှန်ပါတယ်။ ဆရာကြီးမင်းသုဝဏ်ရဲ့ ‘မောင်ခွေးဘို့’ စာအုပ်ကလေးထဲက သီချင်းကလေး တပုဒ်ပါ။

ဆရာကြီးမင်းသုဝဏ်

ပထမဆုံးထုတ်ဝေခဲ့တဲ့ စာအုပ်ကလေးမှာ သီချင်း (၁၃) ပုဒ်ပါတယ်။ ဆရာကြီး G. H. Luce နဲ့ ဆရာကြီး ဦးခင်ဇော် (K) တို့က အင်္ဂလိပ်ဘာသာပြန်ပြီး ဆရာကြီး ဦးခင်ဇော် (K) က ဂီတသင်္ကေတတွေ ရေးတယ်။ ပန်းချီ ဆရာကြီး ဦးဘဉာဏ်က သရုပ်ဖေါ်ပုံတွေဆွဲတယ်။ သပြေသီးကောက်၊ ဥပုသ်စောင့်၊ ပုခက်လွှဲ၊ ပန်းသည်၊ ဝင်္ကပါ၊ လူကလေးရဲ့အမှတ်အသား၊ ကြက်ကလေး သီချင်းခုနှစ်ပုဒ်ကို အနောက်တိုင်းဂီတသင်္ကေတနဲ့ပါဘရေးထားတယ်။ အစောဆုံး ဂီတသင်္ကေတနဲ့ရေးတဲ့ မြန်မာ ကလေး သီချင်းတွေပေါ့။

လူကြီးတွေက လူငယ်တွေဆီကို ရင်ထဲကမေတ«ာနဲ့ ဖြန့်ဝေပေးလိုက်တဲ့ သီချင်းကလေးတွေပါလို့ ဆရာကြီး ဦးခင်ဇော် (K) က အမှာစကားပါးထားပါတယ်။ ဒီ သီချင်းကလေးတွေ ဆိုကြသံတွေ ကြားကြရရင်လဲ မိဘတွေရဲ့ နှလုံးစိတ်ဝမ်းကို ညွှတ်ပြောင်း စေပါလိမ့်မယ်လို့လဲ ညွှန်းထားပါသေးတယ်။

ရောင်နီလာတဲ့ မနက်ခင်းဆိုတာ သာယာလှပမှုတွေနဲ့ လွှမ်းðခံနေတဲ့အချိန်ကလေးပါပဲ။ လောကကိုအလှဆင်ဖို့ သဘာဝမိခင်ရဲ့ အဦးဆုံးနှုတ်ခွန်းဆက်လိုက်တဲ့ အစအဦး အချိန်ကလေးပေါ့။ ဒီလိုနုပျိုချိန်ကလေးနဲ့တူတဲ့ နုနုငယ်ငယ်ကလေးလေးတွေ ပျော်ကြစေဖို့ ရည်ရွယ်ချက်နဲ့ ဆရာကြီးမင်းသုဝဏ် က ‘မောင်ခွေးဘို့’ သီချင်းတွေကိုရေးပါသတဲ့။

အများကောင်းကျိုးကိုဆောင်ပြီး ကောင်းမှုကိုမြတ်နိုးတတ်ကြစေဖို့နဲ့ မြင့်မြတ်တဲ့ စိတ်ထားတွေကို သားစဉ်မြေးဆက် သယ်ဆောင်သွားကြစေဖို့၊ ဆရာကြီးမင်းသုဝဏ်၊ ဆရာကြီး G. H. Luce၊ ဆရာကြီး ဦးခင်ဇော် (K)၊ ပန်းချီ ဆရာကြီး ဦးဘဉာဏ် တို့က စိတ်ရင်းစေတနာ မှန်မှန်ကန်ကန်နဲ့ နည်းပေးလမ်းပြ အုတ်မြစ်ချသွားကြပြီ။ သူတို့ရဲ့ ရင်နှစ်ပန်း သီချင်းကလေးတွေက နှလုံးသားဥယျာဉ်ထဲမှာ အစဉ်အမြဲ ဖူးပွင့် ဝေဆာ လန်းဆန်းကြပါစေ။

ရောင်နီလာတဲ့ မနက်ခင်းကလေးကို အလှဆင်ကြပြီး တနေ့တာ အချိန်ကာလကို အကျိုးရှိရှိ ပျော်ပျော်ရွှင်ရွှင် အသုံးချရင်း သာယာချမ်းမြေ့စွာ ဖြတ်သန်းကြဖို့ တကြော့နှစ်ကြော့ မေတ္တာတေးတွေကိုသီကြပါစို့။

“သီကြတော့။ ဆိုကြတော့။ အပြစ်ကင်းစွာ ပျော်ကြတော့။ မနက်ခင်းကလေး သာယာနုပျိုပါစေသတည်း။”
မင်းသုဝဏ်၊ နံနက်ရိပ်သာ-တက္ကသိုလ်၊ ၁၃၁၃ ခု ဝါတွင်းချိန်။

ဆရာကြီးမင်းသုဝဏ်ရဲ့အမှာစကားကို ထပ်ဆင့် ညွှန်းဆိုရင်း ၁၃၇၁ ခုနှစ် စာဆိုတော်လ ကို ဦးညွှတ်လိုက်ပါတယ်။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts