>34th Annual Ceremony of Hornoring Senior Burmese Cartoonists Held in Rangoon

>

နှစ်စဉ်မပျက် ၃၄ကြိမ်မြောက် ကာတွန်းဆရာကြီးများ ကန်တော့ပွဲ ကျင်းပ

သတို့သားလောင်း လူပျိုကြီး ကာတွန်း ၀င်းအောင် ထူးခြားကံစမ်းမဲပေါက်
မိုးမခဓာတ်ပုံသတင်း
ဒီဇင်ဘာ ၂၈၊ ၂၀၀၉
          ယမန်နေ့က ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ စွပ်ကျယ်စက်လမ်းရှိ ကွယ်လွန်သူ စာနယ်ဇင်းကာတွန်းဆရာကြီး ဦးဖေသိန်းနေအိမ်မှာ နှစ်စဉ်ကျင်းပနေကျ ၃၄ ကြိမ်မြောက် စာနယ်ဇင်းကာတွန်းဆရာကြီးများကန်တော့ပွဲ ကျင်းပခဲ့ပါတယ်။          အပူဇော်ခံ ကာတွန်းဆရာကြီး ၂ ဦးအနက် ဆရာ ကာတွန်းအောင်ရှိန် ကျန်းမာရေးကြောင့် မကြွရောက်နိုင်လို့ ဆရာ ကာတွန်းရွှေမင်းသားကိုသာ လူငယ်ကာတွန်းဆရာများက ၀ိုင်းဝန်းကန်တော့ကြရတယ်လို့ သိရပါတယ်။
          ထူးခြားတာ တခုကတော့ ကြွရောက်လာသူများကို ကံစမ်းမဲဖောက်ပေးရာမှာ – လာမည့် ၂၀၁၀ နှစ်မကူးမီ ရက်ပိုင်အလို အိမ်’ထောင်’ကျရန် စီစဉ်နေတဲ့ သတို့သားလောင်း လူပျိုကြီး ကာတွန်းဝင်းအောင်တယောက် “ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်ခင်ကြည် မင်္ဂလာဆောင်ဓာတ်ပုံ” ကို မဲပေါက်သွားတာပဲ ဖြစ်ပါတယ်။
         မိုးမခ၀ိုင်းတော်သားများက မင်္ဂလာဆောင်မည့်သတို့သားကြီးသို့ မင်္ဂလာဆုမွန်များ တောင်းပေးလိုက်ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts