>Maung Swan Yi – Remembering Tetkatho Min Maw


>

ကွယ်လွန်သူ သူငယ်ချင်းသို့
(တက္ကသိုလ်မင်းမော်၊ ၁၉၃၃-၂၀၀၅)
မောင်စွမ်းရည်
ဒီဇင်ဘာ ၂၇၊ ၂၀၀၉
သူငယ်ချင်းရေ
မင်းလဲသေမျိုး၊ ငါသေမျိုးမို့
အစိုးမရ အနတ္တ
(အစိုးရလဲ အနတ္တ)
 သူငယ်ချင်းရေ
မင်းလည်းဆရာ၊ ငါဆရာမို့
သမ္မာအာဇီဝ ရှိသမျှမှာ
ပညာအဇီဝ မြတ်ပြီပ

နေကျိုးနပ်စွ ဆိုအပ်လှ။

 သူငယ်ချင်းရေ
မင်းလဲစာဆို၊ ငါစာဆိုမို့
ကုသိုလ်မလပ် လူ့ထုပ္ပတ်ကို
ဝိပဿနာရှု စာဆိုမှုနဲ့
အကုသိုလ်ကင်း ကြည်စိတ်လင်းလို့
မင်းလဲပျော်ရ ငါပျော်ရ
သန္တရသ ကဗျာက
မဟော်က၀ိ “ဇော်” တပည့်မို့
မျှော်မိ အမတ မြတ်ဘဝ
ကဗျာကုသိုလ် စာကုသိုလ်နဲ့
ကုသိုလ်ပြုသမျှ ဖို့ဘာက
အမျှ အမျှ အမျှ ယူလိုက်ပ
သာဓု သာဓု နုမော်ဒန။        ။
 (မတ် ၂၄ ။၂၀၀၅)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts