>In 2009, third political prisoner died unnecessarily inside Regime’s prison

>

၂၀၀၉ အတွင်း အကျဉ်းထောင်တွင်း နိုင်ငံရေးသမားတဦး တတိယမြောက် သေဆုံး
မိုးမခအထောက်တော် ၀၀၃
ဒီဇင်ဘာ ၂၄၊ ၂၀၀၉
ထိုင်းနိုင်ငံ အခြေစိုက် အေအေပီပီ မြန်မာနိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ အမျိုးသမီးနိုင်ငံရေးအကျဉ်းသား မတင်တင်ထွေး ခေါ် မပု ဒီဇင်ဘာ ၂၃ ရက်နေ့က အင်းစိန်ထောင်တွင် အစာအိမ်ပေါက်ပြီး ကွယ်လွန်သွားတယ်လို့ သိရပါတယ်။
၂၀၀၇ စက်တင်ဘာ ၂၆ – သံဃာအရေးတော်ပုံမှာ အခြားနိုင်ငံရေးလှုပ်ရှားသူ ၁၄ ဦးနှင့်အတူ အဖမ်းခံခဲ့ရပြီး နိုဝင်ဘာ ၂၄ မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် ၃ လ ချမှတ်ခြင်း ခံခဲ့ရရပါတယ်။ မကွယ်လွန်မီ သာယာဝတီအကျဉ်းထောင်မှာ အစာအိမ်ဝေဒနာ ပြင်းပြင်းထန်ထန် ခံစားနေရလို့ အင်းစိန်ထောင်သို့ ပြောင်းရွှေ့ခဲ့ပြီး ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။
၂၀၀၉ ခုနှစ်အတွင်းမှာ စစ်အစိုးရရဲ့ အကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသား  ကွယ်လွန်ခဲ့ရတာ ၃ ဦး မြောက် ဖြစ်တယ်လို့ အေအေပီပီက သူတို့စာရင်းအရ ထုတ်ပြန်ပါတယ်။ ယခင်က ကွယ်လွန်ခဲ့သူတွေက  ဆလိုင်းလှမိုးနဲ့ စောချာလိတ်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာပြည်မှာ လက်ရှိ နိုင်ငံရေးအကျဉ်းသာဦးရေ ထောင်နဲ့ချီပြီး ဖမ်းဆီးခံထားရချိန်မှာ ၁၉၈၈ မှ  စတင်ရေတွက်လျင် အကျဉ်းထောင်တွင်း ကွယ်လွန်သူပေါင်း ၁၄၃ ဦး ရှိခဲ့ပြီလို့ စာရင်းအရ ရှိပြီ လို့ အေအေပီပီက ပြောပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts