>37 Burmese exiles in Japan apply for long-term residency

>

ဂျပန်ရောက် မြန်မာ ၃၇ ဦး ရေရှည် နေထိုင်ခွင့်ရရေး လျှောက်လွှာတင်
Kyodo News
ဒီဇင်ဘာ ၁၅၊ ၂ဝဝ၉ ယမန်နေ့က နေထိုင်ခွင့် လျှောက်သူများနှင့် ၎င်းတို့၏ ရှေ့နေများ (ဓာတ်ပုံ- www.47news.jp)


ယမန်နေ့က ဂျပန်နိုင်ငံတွင် ရေရှည် နေထိုင်ခွင့်ရရေး အတွက် တိုကျိုမြို့ လူဝင်မှု ကြီးကြပ်ရေး ဌာနတွင် လျှောက်လွှာတင်သူ မြန်မာပြည်သား စုစုပေါင်း ၃၇ ဦး ရှိကြောင်း ၎င်းတို့၏ ရှေ့နေများက ပြောသည်။

ထို ၃၇ ဦးသည် Tokyo, Gunma, Saitama, Chiba ဒေသများတွင် နေထိုင်သူများဖြစ်ကြောင်း၊ စုစုပေါင်း မိသားစု ၂၂ စု ရှိကြောင်း ရှေ့နေများက ဆိုသည်။ မြန်မာနိုင်ငံတွင် အပြောင်းအလဲများ ဖြစ်ပွားလာပါက ၎င်းတို့၏ လက်ရှိ ယာယီနေထိုင်ခွင့်ကို သက်တမ်း တိုး၍ ရတော့မည် မဟုတ်ပေ။

ထို့ပြင် လက်ရှိ ၎င်းတို့၏ နေထိုင်ခွင့်အရ လူမှုဖူလုံရေး ခံစားခွင့်များမရကြောင်း၊ မြန်မာပြည်မှ မိသားစုဝင်များကို ခေါ်ယူနိုင်ခြင်းမရှိကြောင်း သိရသည်။

ယခုနှစ်အတွင်း ထိုသို့ လျှောက်ထားသူများအနက် နေထိုင်ခွင့်ရသွားသူမှာ ၂ဝ ရာခိုင်နှုန်းပင် မရှိဟု ရှေ့နေများက ဆိုသည်။

ဧပြီလက ထိုသို့ လျှောက်ထားသူတဦး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ကြောင်း၊ အဘယ်ကြောင့်ဆိုသော် မိသားစုဝင်များကို ခေါ်ယူခွင့် မရသောကြောင့် ဖြစ်ကြောင်း သိရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts