>go online to buy a dog

>

ရန်ကုန်မှ အလှမွေးခွေးများ အွန်လိုင်းမှာ ကြော်ငြာပြီး ရောင်းပြီ
မိုးမခအထောက်တော်၊ ရန်ကုန်
ဒီဇင်ဘာ ၁၄၊ ၂ဝဝ၉

ချောင်ချောင်းအမျိုးအစား ခွေးသားပေါက် အထီး ၇ သိန်း၊ အမ ၅ သိန်း
ရန်ကုန်မြို့တွင် နိုင်ငံခြားမျိုး အိမ်မွေးခွေးများကို အင်တာနက်မှတဆင့် ရောင်းချလျက်ရှိရာ
http://myanmarchampionkennel.com/ တွင် သွားရောက် လေ့လာပြီး ဝယ်ယူနိုင်ပြီ ဖြစ်သည်။

ထိုစာမျက်နှာတွင် ဖော်ပြထားချက်အရ ရောင်းမည့် ခွေးများကို လှိုင်သာယာ စက်မှုဇုန် အမှတ် ၃ တွင် သွားရောက် ကြည့်ရှုနိုင်သည်ဟု ဆိုသည်။

“ဝက်ဆိုက် တင်တာက ကြော်ငြာခထက်လည်း သက်သာတယ်” ဟု ထိုလုပ်ငန်း၏ ပိုင်ရှင် ဦးခင်မောင်အေး၏ ပြောကြားချက်ကို နိုဝင်ဘာလထုတ် မော်ဒန် သတင်းဂျာနယ်တစောင်တွင် ဖော်ပြထားသည်။ ပြည်ပသို့ ဈေးကွက်ချဲ့ထွင်ရန် မျှော်လင့်သည်ဟု သူက ဆိုသည်။

၎င်း ဝက်ဆိုက်တွင် ချောင်ချောင်း၊ ဟက်စကီး စသည့် ခွေးအမျိုးအစား ၂ မျိုးကို ဈေးနှုန်းနှင့်တကွ တွေရသည်။



၎ သိန်း ပေါက်ဈေးရှိသည့် ဟက်စကီး အမျိုးအစား ခွေးသားပေါက်


၅ သိန်းတန် ဟက်စကီး အမျိုးအစား ခွေးသားပေါက်


အိမ်မွေးတိရိစ္ဆာန် ဈေးကွက်မှာ လူဦးရေ ၆ သန်းခွဲ နေထိုင်သော ရန်ကုန်မြို့တွင် တဖြည်းဖြည်း ကြီးမားလာသည်။

ရန်ကုန်တွင် သင်တန်းများစွာ ရှိသည့်အနက် ခွေးများကိုသာ လေ့ကျင့် သင်ကြားပေးသော ကျောင်းများလည်း ရှိနေသည်။

ငွေကြေး တတ်နိုင်သူများက ၎င်းတို့၏ ခွေးများကို သင်တန်းကျောင်းများသို့ ပို့ပြီး လေ့ကျင့် သင်ကြားပေးနေကြသည်။ ထိုသင်တန်းများတွင် လူတို့၏ အကောင်းဆုံးမိတ်ဆွေဟု တင်စားခံရသည့် ခွေးများအတွက် အခြေခံ အမိန့်နာခံမှု ၃လ သင်တန်း၊ အဆင့်မြင့်သင်တန်းတို့ ပါဝင်သည်။ သင်တန်းကြေး ကျပ်သုံးသောင်းဝန်းကျင် လစဉ် ပေးရမည်ဟု ဆိုသည်။

တချို့က သင်တန်းပေးပြီးဖြစ်သော ခွေးကို ရွေးချယ် ဝယ်ယူကြသည်။

ခွေးပေါက်စ အပါအဝင် အိမ်မွေး တိရိစ္ဆာန်များကို လက်ဆောင်ပေးမှုလည်း ကျယ်ကျယ်ပြန့်ပြန့် ခေတ်စားနေသည်ဟု သိရသည်။ ခရစ်စမတ်နေ့၊ နှစ်သစ်ကူးနေ့၊ ချစ်သူများနေ့ စသည့် နေ့များတွင် လက်ဆောင်ပေးမည့် အစီအစဉ်များကြောင့် ဤလများ အတွင်း အိမ်မွေး တိရိစ္ဆာန် ဈေးကွက် ပိုမို အလုပ်ဖြစ်ဖွယ် ရှိသည်ဟု သိရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts