>US wont’s sign Land Mine Ban Treaty like Burma

>

အမေရိကန်ကလည်း မြန်မာတို့နည်းတူ မြေမြှုပ်ဗုံးသုံးစွဲမှုကို မပိတ်ဆို့နိုင် ဟု ဆို
မိုးမခအထောက်တော် ၀၀၃
နိုဝင်ဘာ ၂၄၊ ၂၀၀၉
          ယခင် ဘွတ်ခ်ျ အစိုးရလက်ထက်ကတည်းက အမေရိကန်အနေဖြင့် ကမ္ဘာတ၀ှမ်း မြေမြှပ်မိုင်းတားမြစ်ရေး သဘောတူညီချက်ကို လက်မှတ်မထိုးဘဲ နေခဲ့ရာ ယခု အိုဘားမားအစိုးရကလည်း ယခင်သဘောအတိုင်း ရပ်တည်မည်ဟု ၀ါရှင်တန်အိမ်ဖြူတော်က ထုတ်ပြန်လိုက်သည်ဟု အေပီသတင်းတခုအရ သိရသည်။ အမေရိကန်ကဲ့သို့ မြေမြှုပ်မိုင်းသုံးစွဲမှု ပိတ်ပင်ခြင်းကို ဆန့်ကျင်သည့် နိုင်ငံများထဲတွင် မြန်မာ၊ တရုတ်၊ အိန္ဒိယ၊ ရုရှား နှင့် ပါကစ္စတန် တို့ပါဝင်သည်။
           ပြည်တွင်းစစ်ဖြစ်ပွားနေသော နိုင်ငံများသည် မြေမြှုပ်မိုင်းများ အထူးတလည် သုံးစွဲပြီး စစ်တလင်းပြင်များ၊ ဓားစာခံပြည်သူများနှင့် တဖက်ရန်သူများကို တိုက်ခိုက်ခြင်း၊ ကန့်သတ်ဖြတ်တောက်ခြင်းနှင့် ဖိနှိပ်ခြင်းတို့ ပြုလုပ်ခဲ့သည်။
          မြေမြှုပ်မိုင်းသုံးစွဲခြင်းကို တားမြစ်သော သဘောတူညီချက်ကို ၁၉၉၉ မတ်လ မှ စ၍ နိုင်ငံပေါင်း ၁၅၆ က လက်မှတ်ထိုးခဲ့ပြီး ဖြစ်သည်။ သို့ရာတွင် ယမန်နှစ်က လူ ၅ ထောင် ကျော် မိုင်းထိပြီး သေကြေပျက်စီးခဲ့သည်။
          အမေရိကန်အစိုးရ အနေဖြင့် မိုင်းထောင်ခြင်းကို ၁၉၉၁ ခုနှစ်ကတည်းက၎င်း၊ မိုင်းဗုံးရောင်းချခြင်းကို ၁၉၉၂ မှ စ၍၎င်း၊ ထုတ်လုပ်ဖြန့်ချိခြင်းကို ၁၉၉၇ နောက်ပိုင်းတွင် ဆောင်ရွက်ခြင်း လုံးဝမရှိတော့ကြောင်း၊ သို့သော်လည်း ထိုမိုင်းများကို စုဆောင်းထားခြင်းတော့ ရှိကြောင်း၊ နိုင်ငံတကာ မိုင်းရှင်းလင်းရေးအတွက် အမေရိကန်က ၁၉၉၃ မှ စပြီး ဒေါ်လာ ၁. ၅ ဘီလျံ သုံးစွဲပြီး ကူညီခဲ့ကြောင်း၊ ယခု လာမည့် ရှေ့တပတ် မိုင်းဆန့်ကျင်ရေး ကမ္ဘာညီလာခံသို့ လေ့လာသူများကို စေလွှတ်မည် ဖြစ်ကြောင်း၊ ထိုမှတဆင့် အပြုသဘော ထုတ်ပြန်မှုများ ရှိနိုင်ကြောင်းကို အကဲခတ်များက မှတ်ချက်ပေးသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts