>kyi aung poem in 1991

>

သား
ကြည်အောင်
နိုဝင်ဘာ ၂၄၊ ၂ဝဝ၉


မပေါ့ မပါး
ခရီး သွားတဲ့
မီးဖွား တော့မယ်
မိခင် တစ်ယောက် – – ။

မိခင်က
လခြမ်း သဖွယ်
ကလေး ငယ်ကို
သယ်ဆောင် လှမ်းတက်
ခရီးဆက် – – – ။

ဝမ်းအိမ် အလယ်
ကလေး ငယ်လဲ
အချင်း ကို သယ်
စလွယ် ကို သိုင်း
တောရိုင်း မြေကြမ်း
အတူ လှမ်း
သားအိမ်ထမ်းရင်း မိခင်နဲ့ – – – ။

[မူရင်း – ပေဖူးလွှာမဂ္ဂဇင်း၊ ၁၉၉၁ ဒီဇင်ဘာလ]


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts