>Burma ranked 3rd worst corrupted country to CPI index

>

နိုင်ငံတကာပွင့်လင်းမှုမှတ်ကျောက်အဖွဲ့က မြန်မာပြည်ကို တတိယခြအစားဆုံး နိုင်ငံအဖြစ် သတ်မှတ်
မိုးမခအထောက်တော် ၀၀၃
နိုဝင်ဘာ၊ ၁၉၊ ၂၀၀၉
ဥရောပ၊ ဂျာမနီအခြေစိုက် Transparency International အမည်ရတဲ့ ကမ္ဘာနိုင်ငံများရဲ့ အကျင့်ပျက် ခြစားမှုများကို စောင့်ကြည့်တဲ့ အဖွဲ့ကြီးက ၂၀၀၉ ခုနှစ်အတွက် အကျင့်ပျက်ခြစားသူ နိုင်ငံများ စာရင်းကို ထုတ်ပြန်လိုက်ရာမှာ မြန်မာပြည်က အဆင့် ၁၈၀ အနက် ရမှတ် ၁၇၈ နဲ့ တတိယ ခြအစားဆုံး၊ အကျင့်ပျက်ဆုံး နိုင်ငံအဖြစ် နံမယ်ပျက်စာရင်း ၀င်သွားပါတယ်။
အံသြဖို့ကောင်းတာကတော့ အခြား အဆိုးဆုံးနိုင်ငံတွေ ဖြစ်တဲ့ နံပါတ် ၁၈၀ – ဆိုမာလီ၊ ၁၇၉ — အာဖဂန်နစ္စတန်၊ ၁၇၆ – ဆူဒန် နဲ့ ၁၇၆ – အီရတ်နိုင်ငံတွေ ဆိုတာက ပြည်တွင်းစစ်တွေ၊ အကြမ်းဖက်အစွန်းရောက်တွေနဲ့ တတိုင်းပြည်လုံး ကပ်ဆိုက်နေကြတဲ့ တိုင်းပြည်တွေ ဖြစ်ပြီး အဲဒီထဲမှာ မြန်မာနိုင်ငံက သူတို့လောက် ပြည်တွင်းစစ်မီးကြီးတွေ၊ နေ့စဉ် သွေးချောင်းစီး သတ်ဖြတ်မှုတွေ မရှိပါဘဲနဲ့ အကျင့်ပျက်ဆုံး၊ ခြအစားဆုံး နိုင်ငံတခုအဖြစ် ကြေးတံဆိပ် သွားစွဲနေတာ ဖြစ်ပါတယ်။
သန့်ရှင်းစင်ကြယ်တဲ့ နိုင်ငံတွေအဖြစ် ဥရောပနိုင်ငံတွေက ဗိုလ်စွဲကြပြီး အဲသည်ထဲမှာ အာရှက စင်္ကာပူက နံပါတ် ၃၊ အနောက်ခြမ်းက ကနေဒါနဲ့ ကမ္ဘာတောင်ခြမ်းက သြစတြေးလျက နံပါတ် ၈ နဲ့ ပန်းဝင်ကြပါတယ်။ အခြား စိတ်ဝင်စားစရာနိုင်ငံတွေထဲမှာ ဟောင်ကောင် – ၁၂၊ ယူအက်စ် – ၁၉၊ တရုတ် – ၇၉၊ အိန္ဒိယ – ၈၄ တို့ အသီးသီး နံပါတ်စွဲကြပါတယ်။
ဒီမှာ သွားကြည့်နိုင်ပါပြီ –

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts