>Daw Suu to coorporate with the Junta for the better good of the country

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

အင်တာနက်တွင် ကြိုတင်ပေါက်ကြားခဲ့သော ဒေါ်စုပေးစာ အင်န်အယ်ဒီဗဟိုက ယနေ့တရားဝင်ထုတ်
ဗိုလ်သန်းရွှေ တောင်းဆိုချက်ကို ဒေါ်စုက လိုက်လျောသလားဟု မေးခွန်းထွက်ပေါ်
မိုးမခအထောက်တော် ၀၀၃
နိုဝင်ဘာ ၁၇၊ ၂၀၀၉
Ee655069d3
နိုဝင်ဘာ ၁၄ ရက်နေ့ကတည်းက အင်တာနက်နှင့် အီးမေးများတွင် ဒေါ်အောင်ဆန်းစုကြည်မှ စစ်အုပ်စုခေါင်းဆောင် ဗိုလ်သန်းရွှေသို့ ပေးပို့သော စာတစောင် ပေါက်ကြားနေခဲ့ရာမှ ယနေ့ နေ့စွဲဖြင့် ၎င်း၏ပါတီဗဟိုကော်မတီက အတည်ပြု ထုတ်ပြန်လိုက်သည်။
နိုဝင်ဘာ ၁၁ ရက်နေ့ကတည်းက ဒေါ်အောင်ဆန်းစုကြည်က စစ်အုပ်စုသို့ အရေးကြီးသော ထုတ်ပြန်ချက်တခု လာမည့် တနလာင်္နေ့တွင် ထုတ်ပြန်မည်ဟု အင်တာနက်သတင်းရပ်ကွက်များတွင် အသံထွက်လာခဲ့ရပြီးနောက် နိုဝင်ဘာ ၁၄ ရက်ခန့်တွင် ဒေါ်စု၏ သန်းရွှေသို့ ပေးစာ မိတ္တူကို အင်တာနက်စာတိုက်သေတ္တာများသို့ ရောက်ရှိလာခဲ့သည်။ သတင်းဌာနများက ဆက်သွယ်မေးမြန်းရာတွင် ပါတီပြောခွင့်ရများက အတည်အကျ အတည်ပြုခြင်း မပြုခဲ့သော်လည်း ၁၁ ရက်နေ့ က စာပို့ခဲ့ကြောင်းနဲ့ ပါတီက ယနေ့မှ အတည်ပြုမည် ဖြစ်ကြောင်းတို့ကို ထုတ်ပြန်ခဲ့ပါသည်။
ယနေ့ ပါတီက တရားဝင် အတည်ပြုလိုက်သော ဒေါ်အောင်ဆန်းစုကြည်၏ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသို့ တင်ပြချက်တွင် – စစ်အုပ်စုနှင့် နိုင်ငံတော်အကျိုးရှိမည့် ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မည်၊ ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားရေးအတွက် နအဖနှင့် ပူးပေါင်းဆောင်ရွက်မည်၊ ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးလိုသည်၊ ကျန်းမာရေးချို့ယွင်းနေသည့် ပါတီခေါင်းဆောင်များ အိမ်သို့ သွားရောက် တွေ့ဆုံမည်၊ စစ်အုပ်စု ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံ ဆွေးနွေးလိုသည်ဟု ဖော်ပြထားသည်ကို တွေ့ရသည်။
၎င်းကြေညာချက်သည် လွန်ခဲ့သည့် အောက်တိုဘာ ၄၊ ၂၀၀၇ က ဗိုလ်သန်းရွှေက ကုလအထူးကိုယ်စားလှယ် ဂမ်ဘာရီကို ပြောကြားခဲ့သည့် အချက်များဖြစ်သည့် ဒေါ်စုက တွေ့ဆုံဆွေးနွေးရေးကို ပြုလုပ်လိုပါက ကြိုတင်စည်းကမ်းချက်များ ထားရှိရမည် ဖြစ်ကြောင်း၊ ထိုအထဲတွင် အစိုးရနှင့် ထိပ်တိုက်မတွေ့ရန်၊ စီးပွားရေးပိတ်ဆို့မှုများကို စွန့်လွှတ်မည်ဟု ဒေါ်စုက ကြေညာရန်တို့ ပါဝင်သည် ဖြစ်ရာ ယခု ဒေါ်စု၏ ထုတ်ပြန်ချက် တစိတ်တဒေသသည် ဗိုလ်သန်းရွှေ၏ တောင်းဆိုချက်ကို ထင်ဟတ်နေသည်ဟု သုံးသပ်သူများက ပြောဆိုကြသည်။
ဒီမှာ ဖတ်နိုင်ပြီ – http://www.scribd.com/doc/22663921/NLD-Daw-Suu-Letter-to-Than-Shwe-17-NOV-2009
ဗိုလ်သန်းရွှေ ၂၀၀၇ က ပြောခဲ့သော စကားကို သည်သတင်းမှာ ပြန်ကြည့်နိုင်သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts