>TheGeek – Uncensored Burmese Articles

>

A26ec67762 
စင်ပေါ်မရောက်လာတဲ့ စာများနဲ့ အီးဘုတ် – အမှိုက်ထဲက ရတနာများ
စာအုပ်စင်သာဂိ
နိုဝင်ဘာ ၁၇၊ ၂၀၀၉
လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်လောက်က စပြီး မြန်မာအိုင်အက်စ်ပီဆိုတဲ့ ၀က်ဆိုက်နဲ့ ၀ိုင်းတော်သားတွေက မြန်မာအင်တာနက်အတိုက်အခံတွေကို မြန်မာယူနီကုတ် ဘီအိုင်တီဖောင့်သုံးနိုင်ဖို့၊ ၀က်ဆိုက်တွေ ထူထောင်နိုင်ဖို့၊ မှတ်စု မှတ်တမ်းတွေ ကူးယူ ရိုက်နှိပ် ပြင်ဆင် စုဆောင်းပေးဖို့ စသည့် နည်းပညာနဲ့ ၀န်ဆောင်မှုတွေ ပေးပြီး မြန်မာအင်တာနက်လောကထဲ ၀င်ရောက်လာခဲ့တယ်။
ခုဆိုရင် သူတို့ဆီမှာသိမ်းဆည်းထားတဲ့ အီး – မှတ်တမ်းတွေ တော်တော် ရှိပြီ။ မိုးမခအဖွဲ့ကိုလည်း အကူအညီတွေ ၀န်ဆောင်မှုတွေ ပေးခဲ့လို့ မိုးမခ မြန်မာစာဝက်ဆိုက်မှာ စာမူတွေ အစုအဆောင်းတွေ မြန်မြန်ဆန်ဆန် တင်ဆက်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ သူတို့က စေတနာ့ဝန်ထမ်း မေတ္တာနဲ့ မိုးမခကို ကူညီခဲ့တာ ဖြစ်ပါတယ်။ ကျနော်တို့ကလည်း သူတို့ကို တိုက်ရိုက်မတွေ့မမြင်ဖူးသော်ငြား အင်တာနက်ပေါ်က မိတ်ဆွေတွေအဖြစ် နွေးထွေး ခင်မင်လျက် ရှိကြောင်း၊ ကျေးဇူးတင် ၀မ်းမြောက်လျက် ရှိကြောင်း မှတ်တမ်းအရင် တင်လိုက်ပါတယ်။
အခု သူတို့က ပြည်တွင်းက စာရေးဆရာ ၂၇ ဦးရဲ့ စာမူတွေကိ စုစည်းပြီး အခမဲ့အီးဘုတ်အပါအ၀င် တန်ဖိုး ၁၀ ဒေါ်လာတန် ပုံနှိပ်စာအုပ်တအုပ် ထုတ်လိုက်ပြန်ပါပြီ။ ထူးခြားတာက အဲသည် စာမူတွေအားလုံးက မြန်မာစစ်အုပ်စုရဲ့ စာပေစိစစိရေးမျက်စောင်းမိပြီး အမှိုက်ခြင်းထဲ အပို့ခံလိုက်ရတဲ့ (ပြည်တွင်းမှာ ထုတ်ဝေခွင့် မရတဲ့) စာမူတွေ ဖြစ်နေလို့ပါပဲ။ မဲဆောက် – ထိုင်း ကနေ ပုံနှိပ်တယ်လို့ ရေးထားတယ်။ ပုံနှိပ်ဝယ်ချင်ရင် ၁၀ ဒေါ်လာ၊ ၂၀၀၉ အောက်တိုဘာမှာ ထုတ်တယ်၊ သရုပ်ဖော်က စစ်ငြိမ်းအေးနဲ့ ပြည်တွင်းက မူလအပယ်ခံဒီဇိုင်းများအတိုင်းပါတဲ့။ ဖတ်တော်မူကြပါကုန်လော်။
အဲဒီက မရရင် ဟောသည်မှာလည်း ကြည့်ပါ

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts