>Obama urged Thein Sein to free Aung San Suu Kyi in ASEAN – US Meeting in Singapore

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

အိုဘားမားက သိန်းစိန်ကို ဒေါ်စုလွှတ်ပေးဖို့ တောင်းဆို
မိုးမခအထောက်တော် ၀၀၃
နိုဝင်ဘာ ၁၆၊ ၂၀၀၉
ယမန်နေ့ စင်္ကာပူနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံနဲ့ အမေရိကန်ခေါင်းဆောင်တို့ တွေ့ဆုံပွဲမှာ အမေရိကန်သမ္မတ အိုဘားမားက မြန်မာနိုင်ငံမှာ အကျယ်ချုပ်ခံထားရတဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။
          အစည်းအဝေးက မိန့်ခွန်းမှာ ထုတ်ဖော်ပြောဆိုခဲ့သလို ၎င်းနဲ့ မျက်နှာချင်းဆိုင် နေရာ (စာပွဲဝိုင်း တဖက်ခြမ်း) မှာ ထိုင်နေတဲ့ မြန်မာစစ်အုပ်စုက ၀န်ကြီးချုပ် သိန်းစိန်ကိုလည်း တိုက်ရိုက်ပြောခဲ့တယ်လို့ ပြောကြပါတယ်။ သိန်းစိန်က ၀ါရှင်တန်ရဲ့ မြန်မာစစ်အုပ်စုအပေါ် ပေါ်လစီအပြောင်းအလဲလုပ်တာကို ကျေးဇူးတင်တယ်လို့ တရားဝင်ထုတ်ပြောပေမယ့် ဒေါ်စုအကြောင်း မပြောခဲ့ဘူးလို့ ဆိုပါတယ်။ အိုဘားမားကတော့ မြန်မာပြည်မှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ အကောင်းဖက်ကို ဦးမတည်မချင်း ပိတ်ဆို့မှုတွေ ရုတ်သိမ်းဖို့ စဉ်းစားမည်မဟုတ်လို့ ထပ်မံပြောကြားခဲ့ပါတယ်။
          ၎င်းအစည်းအဝေးက ထုတ်ပြန်ချက်မှာတော့ ဒေါ်စုလွတ်မြောက်ရေးကို ထည့်သွင်းမထားသော်လည်း လာမည့်နှစ် စစ်အုပ်စုက ကျင်းပမည့် ရွေးကောက်ပွဲ တရား မျှတ လွတ်လပ်ပြီး ပွင့်လင်းမှုရှိရေး၊ အတားအဆီးပိတ်ဆို့မှုများ မရှိရေးတို့ကို တောင်းဆိုကြောင်း ခေါင်းဆောင်တွေ အားလုံးက ထုတ်ပြန်တယ်လို့ ဖော်ပြထားပါတယ်။
          စင်္ကာပူခေါင်းဆောင် လီရှန်လုံး အမေရိကန်ရဲ့ အာဆီယံခေါင်းဆောင်တွေနဲ့ ယခုလို တိုက်ရိုက်ထိတွေ့ဆက်ဆံရေး တိုးတက်မှုကို ကြိုဆိုကြောင်း၊ မြန်မာအရေးကိစ္စကြောင့် အာဆီယံနဲ့ အမေရိကန်ဆက်ဆံရေး နှောင့်နှေးနေရတာတွေကို ဖြတ်ကျော်ထားခဲ့ပြီ ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
(ဓာတ်ပုံ – အင်တာနက်၊ အာဆီယံထုံးစံ လက်ချင်းယှက်ပြီး အုပ်စုဓာတ်ပုံရိုက်နေကြသော အာဆီယံနှင့် အမေရိကန်ခေါင်းဆောင်များ၊ ဘယ်အစွန် ဒုတိယမှာ မြန်မာစစ်အုပ်စုက ၀န်ကြီးချုပ်ဆိုသူ သိန်းစိန် ဖြစ်သည်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts