>Than Shwe falls ill

>

သီရိလင်္ကာရောက် ဗိုလ်ချုပ်မှူးကြီး ဗိုက်နာသည့် ဝေဒနာ ခံစားရ
colombopage.com
နိုဝင်ဘာ ၁၂၊ ၂၀၀၉

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (photo:AFP)


အလည်အပတ် ရောက်ရှိနေသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ကျန်းမာရေး ချို့ယွင်းလာသဖြင့် ဆေးကုသမှု ပေးရန် အထူးကုသမှု အဖွဲ့ကို ကန္ဒီမြို့တော်ရှိ သမ္မတအိမ်တော်သို့ ပို့လိုက်ရသည်။

ယနေ့ နေ့လယ်ပိုင်းက သီရိလင်္ကာသို့ ရောက်လာသော ဗိုလ်ချုပ်မှူးကြီးသည် သာမန် ဗိုက်နာသည့်ဝေဒနာ ရရှိနေသည်ဟု သိရသည်။

ကန္ဒီ အထွေထွေ ဆေးရုံကြီးမှ ဆရာဝန် ၂ ဦး၊ သူနာပြု ၂ ဦးကို သမ္မတအိမ်တော်တွင် တည်းခိုနေသော ဗိုလ်ချုပ်မှူးကြီးကို ကုသမှု ပေးရန် စေလွှတ်လိုက်သည်ဟု ဆိုသည်။

ဗိုလ်ချုပ်မှူးကြီး နှင့် ကိုယ်စားလှယ် အဖွဲ့သည် မနက်ဖြန်တွင် ပြုလုပ်မည့် ဘာသာရေး အခမ်းအနားများသို့ တက်ရောက်ရန် စီစဉ်ထားကြသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts