>FACES goes online

>

မုခ မဂ္ဂဇင်း အုပ် ၁ဝဝ မြောက်တွင် အွန်လိုင်းပေါ်ရောက်
မိုးမခအထောက်တော် အမှတ် ဝဝ၆
နိုဝင်ဘာ ၂၊ ၂ဝဝ၉
အုပ် ၁ဝဝ မြောက် မုခ မျက်နှာဖုံး


လစဉ်ထုတ် မုခ မဂ္ဂဇင်းက ယခုလ အုပ် ၁ဝဝ မြောက် အထူးထုတ်ကို ဖြန့်ချိနေချိန်တွင် ကိုယ်ပိုင် ဝက်ဘ်ဆိုက်တွင်လည်း စတင် ဖော်ပြလိုက်သဖြင့် အင်တာနက်မှဖတ်ရှုသော ကမ္ဘာအရပ်ရပ်ရှိ ပရိသတ်များထံသို့ ချက်ချင်း ရောက်ရှိသွားသည်။

ရန်ကုန်တွင် လွန်ခဲ့သည့် ၈ နှစ်ကျော်က အစပြုခဲ့သော မုခ ခေါ် FACES မဂ္ဂဇင်းသည် ကြွေစက္ကူဖြင့် ထုတ်လုပ်သဖြင့် ကွာလတီ မဂ္ဂဇင်းတစောင် အဖြစ် ထင်ရှားသည်။

ဖတ်စရာမပါသော စက္ကူသားကွာလတီ မဂ္ဂဇင်းဟု ကဲ့ရဲ့ခံရမှုကို “တတ်နိုင်သလောက် ကြိုးစား ချေဖျက်ခဲ့ပြီးပါပြီ” ဟု နိုဝင်ဘာလ အယ်ဒီတာ့စကားတွင် ဖော်ပြထားသည်။

နိုဝင်ဘာတွင် ထွက်လာသည့် အုပ် ၁ဝဝ မြောက် အထူးထုတ်တွင် အငြင်းပွားဖွယ်ဖြစ်နိုင်သည့် ဦးကိတ္တိသာရ (သရုပ်ဆောင် ကျော်ဟိန်း) ၏ ဘာသာရေးဆိုင်ရာ အရေးအသားများလည်း ပါဝင်သည်။

မုခ အယ်ဒီတာ မမ (ဒေါ်ဟေမာ)က ပေဖူးလွှာမဂ္ဂဇင်းကိုလည်း တွဲဖက် ထုတ်ဝေသူ ဖြစ်သည်။

စက်တင်ဘာတွင် အစပြုခဲ့သည့် ပေဖူးလွှာ ပုံစံသစ်ကိုလည်း မုခ၏ အင်တာနက်စာမျက်နှာ www.facesmagazine.asia မှတဆင့် သွားရောက် ဖတ်ရှုနိုင်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts