>Htoo Eain Thin’s 12 songs in VCD/DVD

>

ထူးအိမ်သင်၏ သီချင်း VCD/DVD ဖြန့်ချိတော့မည်
မိုးမခအထောက်တော် အမှတ် ဝဝ၆
အောက်တိုဘာ ၂၆၊ ၂ဝဝ၉

ချစ်ခြင်းအားဖြင့် ဟု အမည်ပေးထားသော ထူးအိမ်သင်၏ တေးသီချင်းစုစည်းမှုသည် ယခုလကုန်ပိုင်းတွင် VCD/DVD အဖြစ် ထွက်လာတော့မည်ဟု ယနေ့ထုတ် အလင်းတန်းဂျာနယ်တွင် ရေးထားသည်။

သရုပ်ဆောင်ပေါင်းများစွာက မေတ္တာဖြင့် ကူညီ ပါဝင်ခဲ့သော “ချစ်ခြင်းအားဖြင့်” လွန်ခဲ့သော ၂ နှစ်ခန့်က ရိုက်ကူးပြီးစီးခဲ့သည်ဟု ဆိုသည်။

ကွယ်လွန်သူ ထူးအိမ်သင်၏ သီချင်း ၁၂ ပုဒ် ပါဝင်သော “ချစ်ခြင်းအားဖြင့်” ကို ဒါရိုက်တာ ၁၂ ဦးက ရိုက်ကူးထားခြင်းဖြစ်သည်။

ခိုးကူးခွေဈေးကွက်ကြီးကို ကြောက်ရွံ့သဖြင့် VCD/DVD ဖြန့်ချိရေးကို ဆိုင်းငံ့ထားခြင်းဖြစ်ကြောင်း CMP တေးသီချင်း ထုတ်လုပ်ရေးမှ ဦးဇော်ထူးက အလင်းတန်းဂျာနယ်ကို ပြောသည်။

ယခုအခါ အာဏာပိုင်တို့က ရန်ကုန်မှ ခိုးကူးခွေ ရောင်းချမှု လုပ်ငန်းများကို နှိမ်နင်းနေသဖြင့် ချစ်ခြင်းအားဖြင့် VCD/DVD ဖြန့်ချိရန် ဆုံးဖြတ်လိုက်သည်ဟု ဦးဇော်ထူးက ဆိုသည်။

ချစ်ခြင်းအားဖြင့် သည် ကက်ဆက်ခွေ နှင့် CD အဖြစ် ၂၀၀၅ ခုနှစ်က ထွက်ရှိခဲ့ပြီး ဖြစ်သည်။

ထင်ရှားသည့် အဆိုတော်၊ တေးရေးသူ ထူးအိမ်သင်သည် ၂၀၀၄ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts