>Burmese in Putao starving facing famine

>

ပူတာအိုဒေသ ကြွက်ကျသဖြင့် လူတို့ အငတ်ဘေးကြုံ

မိုးမခအထောက်တော် ၀၀၃

အောက်တိုဘာ ၁၀၊ ၂၀၀၉

မြန်မာပြည်အထက်ပိုင်း၊ ကချင်ပြည်နယ်၊ ပူတာအိုဒေသ ရွာပေါင်း ၇၇ ရွာတွင် ကြွက် နှင့် ပိုး အကြီးအကျယ် ကျရောက်နေသဖြင့် ၂၀၀၉ သြဂုတ်လ မှစတင်ပြီး ငတ်မွတ်ခေါင်းပါးမှုများနှင့် ရင်ဆိုင်နေရသည်ဟု သိရသည်။

“သီးနှံတွေ စိုက်ခင်းတွေ အားလုံး ပျက်စီးကုန်တယ်။ ရိတ်သိမ်းချိန် မတိုင်ခင်လေးတင် ပိုးတွေ၊ ကြွက်တွေ ကျလာတာဆိုတော့ အခု ရွာ ၂၂ ရွာက လူ ၁၀၀၀ နီးပါး လုံးဝ ငတ်နေကြပြီ။ ပြီးတော့ ဒေသတွေက လမ်းပန်း ဆက်သွယ်ရေး အရမ်းကို ခက်တယ်။ ဒေသကလည်း ကြမ်းတယ်။” ဟု သတင်းပေးသူက ၎င်းစာထဲတွင် ဖော်ပြထားသည်။

ပြည်တွင်းရှိ စေတနာ့ ၀န်ထမ်းအဖွဲ့များက ထိုအကြောင်းကြားချက် ရရခြင်း ဆန်များ ရိက္ခာများ တတ်နိုင်သလောက် စုပေါင်းပြီး ပို့ပေးရန် စီစဉ်နေကြသည်ဟု သိရသည်။ ဒေသခံ အာဏာပိုင်များ၊ နေပြည်တော် စစ်အုပ်စုမှ တာဝန်ရှိသူများက ယခုဘေးဒုက္ခကို မည်သို့မျှ တုန့်ပြန်ခြင်း မရှိပေ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts