>Thit Kaung Eain – To Mr Jim Web and Such …

>

သို့ – မစ္စတာ ဂျင်ဝက်ဘ် ထံ မှ တဆင့်

သစ်ကောင်းအိမ်

အောက်တိုဘာ ၂၊ ၂၀၀၉

ကမ္ဘာအနှံ့အပြားမှာ

အကြမ်းဖက်သမားတွေကို လိုက် ရှာနေပြီး

အိမ်ဦးခန်းမှာ လူသတ်သမားတွေကို ထမင်းဖိတ်ကျွေးနေတဲ့

အို – အမေရိကား

လူ ထူထူမှာ

လူရှိန်အောင် စစ်ပွဲလှလှတွေကို

ထည်လည်း တွဲပြတတ်သူ လူချောလူလှ အမေရိကား

သင့်မြို့လယ်ပန်းခြံတွေမှာ သင့်နိုင်ငံသား ဆယ်ယောက်လောက်က

စစ်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ကျင်းပနေပြီး

သင့်ငယ်ထိပ်မှာ

ဒုံးကျည်ထိပ်ဖူးတွေကို ကွန်ဒုံးလို စွပ်ထားသူ အမေရိကား

အထည်ကြီးပျက်မို့ သွေးသိပ်ပျက်နေသလား အမေရိကား

ခင်ဗျားနဲ့ ကျနော့်ကြားမှာ

အလုပ်ရှင်နဲ့ အလုပ်သမား ဆက်ဆံရေးပဲ ရှိတဲ့ အမေရိကား

ငါ့ကို အရက်ဖြတ်ဖို့မပြောခင်

အီရတ်စစ်ပွဲကြီးကို အရင် ရပ်ပေးပါ အမေရိကား

ချောင်းနေတဲ့နဂါးနဲ့ ၀ပ်နေတဲ့ကျား သိုင်းကြမ်းဇာတ်တော်ကြီးမှာ

ငထွားကခါးနာမှု ၀ါဒနဲ့ စေ့စပ်ဒူးထောက်ရေး ဘုရားကု ငါတို့တိုင်းပြည်ကို ကုပေးမလို့လား

အမေရိကား …

ဖနောင့်နဲ့ပေါက်သူကို

ဖိနပ်ကလေးနဲ့ပြန်ပေါက်မိသူတွေလည်း တရားပါတယ်နော် အမေရိကား …

ခင်ဗျားနဖူးအမာရွတ် ခင်ဗျားတော့

အာဖဂန်မှာ မြေလှန်ရှာတုံး

ခင်ဗျားကိုယ်တိုင်တော့

မြွေပွေးနဲ့ သွေးကြွေးမှာ

ဖြေဆေးမရှိခဲ့ဘူး မဟုတ်လား

အိုဘယ့် ဘယ် … အိုဘယ့်

အသင် အမေရိကား။ ။

(၁၊ အောက်တိုဘာ၊ ၂၀၀၉)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts