>Ko Aung Win passes away

>

မြက်ခင်းစိမ်းနဲ့တဲငယ်လေး၏ ပူးတွဲဖန်တီးရှင် ကွယ်လွန်
မိုးမခအထောက်တော် အမှတ် ဝဝ၆
စက်တင်ဘာ ၂၉၊ ၂ဝဝ၉


“မြက်ခင်းစိမ်းနဲ့တဲငယ်လေး” သီချင်းကို ပူးတွဲရေးသားခဲ့သူ ကိုအောင်ဝင်းသည် စက်တင်ဘာ ၂၃ ရက်နေ့က ကျောက်ပန်းတောင်းမြို့ နေအိမ်တွင် ကွယ်လွန်သွားသည်ဟု ယမန်နေ့က ထုတ်ဝေသည့် အလင်းတန်း ဂျာနယ်တွင် ဖော်ပြထားသည်။ အသက် ၅၁ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။

ကိုအောင်ဝင်းသည် နာမည်ကျော် အဆိုတော် ခင်မောင်တိုး သီဆိုခဲ့သည့် ဝေးခဲ့ပြီပန်းခရမ်းပြာ၊ အမှတ်တရအဆိပ်တက်၊ ပန်းပျိုးလက် တို့ကိုလည်း သီချင်းရေးဆရာ ကိုရဲလွင်နှင့် ပူးတွဲ ရေးသားခဲ့သည်ဟု သိရသည်။

ကိုအောင်ဝင်းသည် ရန်ကုန်တက္ကသိုလ် စစ်ကိုင်းဆောင်တွင် အဆောင်မှူးအဖြစ်လည်းကောင်း၊ တောင်ကြီးကောလိပ် ဒဿနိကဗေဒဌာန ဌာနမှူးအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သူဖြစ်သည်ဟု အလင်းတန်းဂျာနယ်က ဆိုသည်။ ကျောက်ပန်းတောင်းမြို့တွင် ဂူသွင်း သဂြိ င်္ုဟ်ခဲ့ပြီးဖြစ်သည်ဟုလည်း ရေးသားထားသည်။


ကိုအောင်ဝင်း ပူးတွဲစပ်ဆိုခဲ့သည့် နာမည်ကျော် မြက်ခင်းစိမ်းနဲ့တဲငယ်လေး သီချင်းကို ယမန်နှစ်က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ၈ လေးလုံး အနှစ် ၂၀ မြောက်အဖြစ် အမှတ်တရ ထုတ်ဝေသော ရဲနည်၏ အလင်းသစ်ပွဲတော် သီချင်းစီဒီတွင်လည်း ထည့်သွင်း သီဆိုထားကြောင်း တွေ့ရသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts