>64th UN Assembly, World Leaders and People on the Streets

>

၆၄ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ စင်ပေါ်က နိုင်ငံခေါင်းဆောင်များနဲ့ လမ်းပေါ်က ပြည်သူများ မြင်ကွင်း

မိုးမခဓာတ်ပုံသတင်း (ဓာတ်ပုံ – အင်တာနက်စာမျက်နှာများ)

စက်တင်ဘာ ၂၃၊ ၂၀၀၉

၆၄ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကို စက်တင်ဘာ ၂၃၊ အမေရိကန်ပြည် နယူးယောက်မြို့က သူတို့ဌာနချုပ်မှာ ကျင်းပခဲ့ရာမှာ အဖွဲ့ဝင်နိုင်ငံပေါင်းစုံမှ ကိုယ်စားလှယ်များနဲ့ နိုင်ငံခေါင်းဆောင်များကိုယ်တိုင် တက်ရောက်ခဲ့ကြတာကိုတွေ့ရပါတယ်။ အထူးသဖြင့် နိုင်ငံတကာမှာ လူဆိုးစာရင်းဝင်တဲ့ နိုင်ငံတွေက (မြန်မာ၊ အီရန်နဲ့ လစ်ဗျား စသည်က …) ခေါင်းဆောင်တွေ၊ ကိုယ်စားလှယ်တွေပါ လာရောက်တဲ့အတွက် ညီလာခံအတွင်းမှာ မိတ်ဆွေမဟုတ်သူတွေနဲ့ ထိပ်တိုက်မဆုံမိကြရအောင် စီစဉ်ထားရသလို ညီလာခံပြင်ပက လမ်းမပေါ်မှာလည်း လူမျိုးပေါင်းစုံက အကြောင်းအရာမျိုးစုံအတွက် ကန့်ကွက်ဆန္ဒပြနေကြတာကိုလည်း တွေ့နိုင်ပါတယ်။

ကုလညီလာခံတွင် ကမ္ဘာငြိမ်းချမ်းရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ အနုမြူလက်နက်ထိန်းကွပ်ရေး၊ အားလုံးအတူတကွ ၀ိုင်းဝန်းဆောင်ရွက်ကြရေးကို အမေရိကန်သမ္မတ အိုဘားမားက မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားသွားပါတယ်။

၎င်းနောက်မှ မိန့်ခွန်းပြောသူကတော့ ၁၉၈၈ ခရီးသည်လေယျာဉ်ဗုံးခွဲမှုနဲ့ အနှစ် ၂၀ ကျော် ကြာ အနောက်အုပ်စုနဲ့ ပဋိပက္ခဖြစ်ခဲ့သူ လစ်ဗျားခေါင်းဆောင် ကဒါဖီ ဖြစ်ပါတယ်။

သူကတော့ ကုလလုံခြုံရေးကောင်စီကို ပြစ်တင်ဝေဖန်လိုက်ပြီး ကုလသက်တမ်း အနှစ် ၆၀ ကျော်မှာ စစ်ပွဲပေါင်း ၆၀ ကျော်ကို မတားဆီးနိုင်ခဲ့ကြောင်း၊ လုံခြုံရေးကောင်စီကို တိုးချဲ့ ဖွဲ့စည်းသင့်ကြောင်း၊ ကုလအဖွဲ့ကြီးကိုလည်း ပြုပြင်ပြောင်းလဲသင့်ကြောင်း ပြောသွားပါတယ်။

၂၀၀၉ ရွေးကောက်ပွဲရလာဒ်ကို ကန့်ကွက်သူများကို နှိမ်နှင်းပြီး အာဏာယူခဲ့သူ အီရန်ခေါင်းဆောင် အမာဒင်နီဂျပ်ဒ်

၎င်းကို ဆန္ဒပြကန့်ကွက်နေသူများ

အနောက်အုပ်စု၏ ပိတ်ဆို့မှုကို ရင်ဆိုင်ခဲ့ရသူ၊ အကြမ်းဖက်အားပေးသူအဖြစ် စွပ်စွဲခံရသူ လစ်ဗျား ခေါင်းဆောင် ကဒါဖီ

၂၀၀၈ ရွေးကောက်ပွဲအနိုင်ရ အတိုက်အခံကို ပူးတွဲခေါင်းဆောင်အဖြစ်သာ သတ်မှတ်ခဲ့သူ ဇင်ဘာဘွေ ခေါင်းဆောင် မူဂါဘီ

သီရိလင်္ကာ အစိုးရနဲ့ သူပုန်တိုက်ခိုက်မှုကြောင့် သေဆုံးရသူပြည်သူများအတွက် ကန့်ကွက်နေကြသူများ

ယမန်နေ့က ကုလ မိုးဇလ ညီလာခံတွင် သဘာ၀၀န်းကျင်ကို ထိန်းသိမ်းမည်ဟု ပြောခဲ့သူ တရုတ်ခေါင်းဆောင် ဟူဂျင်တောင်

တရုတ်သိမ်းပိုက်ထားသော တီဘက်ပြည်လွတ်မြောက်ရေး ဆန္ဒပြနေသူများ

နိုင်ငံရေးအကျဉ်းသား ၂ ထောင် နီးပါး ထိန်းသိမ်းထားပြီး ပြည်တွင်းစစ်ဖြစ်နေသော မြန်မာပြည်က အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး သိန်းစိန်လည်း ယနေ့ညီလာခံကို တက်ရောက်မည်ဟု သတင်းများက ဆိုသည်။ မြန်မာများက ၎င်းကိုလည်း သံဃာအရေးအခင်း ၂ နှစ်ပြည့် အဖြစ် ကန့်ကွက်ဆန္ဒပြကြမည်ဖြစ်သည်ဟု ဆိုသည်

ကုလက နိုင်ငံတကာခုံရုံးတွင် အရေးယူရ ချမှတ်ခံထားရသည့် ဆူဒန်ခေါင်းဆောင်များနှင့် ပတ်သက်ပြီး ကုလအဖွဲ့ခွဲတခုက ပြည်တွင်းစစ်နှင့် အစုလိုက်အပြုံလိုက် မျိုးတုံးသတ်ဖြတ်မှုများ၏ ဓားစာခံပြည်သူများ၏ ဓာတ်ပုံများကိုလည်း ယနေ့တွင် ထုတ်ပြန်လိုက်သည်ကို တွေ့ရစဉ်



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts