Uncategorized

Zaw Aung – Letter to Moemaka

ရွှေဓာတ်ငွေ့ စီမံကိန်း
ဇော်အောင် (မိုးမပေးစာ)
ဇူလိုင် ၁၊ ၂၀၁၃

ယခု (ဂျူလိုင် ၁ရက်၊ ၂၀၁၃) ပိုက်လိုင်း သဘာဝဓါတ်ငွေ့ စတင်လွှတ်ပြီဖြစ်သည်။ မြန်မာပြည် Eleven Media မှ သတင်းရေးသားချက်အရ၊ တစ်နှစ်လျှင် ဓါတ်ငွေ့  ၁၂ဘီလျှံ ကုဗမီတာနှင့် ရေနံစိမ်းတန်ချိန် ၂၂ သန်း ပို့ဆောင်မည်ဖြစ်သည်ဟု ဆိုသည်။ 
indexmundi.com ဖေါ်ပြချက်အရ မြန်မာနိုင်ငံ၏ သဘာဝဓါတ်ငွေ ထုတ်လုပ်မှု 2011 သည် 400 billion Cu ft ဟု ဆိုသည်။ တန်ဘိုးမှာ ကန်ဒေါ်လာသန်းပေါင်း ၁၄၀၀ ဖြစ်သည်။ အချို့ခန့်မှန်းချက်က ဒေါ်လာသန်းပေါင်း ၄၀၀၀ ကျော်ဟု ဆိုသည်။ သတင်းအတိကျမသိရပါ)။ ထို ထုတ်လုပ်မှုအားလုံးသည် မုတ္တမပင်လယ်ကွေ့မှ ရတနာနှင့်ရဲတခွန် မှထုတ်လုပ်သည်။ အားလုံးနီးပါးမှာ ထိုင်းနိုင်ငံသို့ ရောင်းချခဲ့သည်။ နောက်ပိုင်း မြန်မာနိုင်ငံအသုံးချရန်အတွက် ဓါတ်ငွေ့များကို ပြန်လည်ရယူနိုင်ခဲ့သဖြင့်၊ ဓါတ်ငွေ့လျှပ်စစ်ဓါတ်အားပေးစက်ရုံများကြောင့် မြန်မာပြည်တွင် လျှပ်စစ်ဓါတ်အား အနည်းငယ်ရရှိလာပါသည်။  ယခုအခါ ရခိုင်ကမ်းလွန်မှ ကိုးရီးယား ဒေ၀ူးထုတ်လုပ်သော ဓါတ်ငွေများကို တရုပ်နိုင်ငံသို့ တင်ပို့ရောင်းချခြင်း စတင်နေပြီဖြစ်သည်။ မြန်မာနိုင်ငံ သတင်းဌာနမှရေးသားချက်တွင် မြန်မာနိုင်ငံက ဖြတ်သန်းခ (Right of Way) အနေနှင့် ရေနံစိမ်းအတွက် ၆.၉၀၅သန်း၊ ဓါတ်ငွေ့ အတွက် ၆.၉၀၅သန်း၊ ရေနံစိမ်းအတွက် Transit fee တစ်တန်လျှင် တစ်ဒေါ်လာ ရရှိမည်ဟု ရေးထားသည်။ ကာလပေါက်ဈေးများနှင့်တွက်ချက်ပါက အောက်ပါအတိုင်းရရှိသည်။ သုံးသပ်ချက်အရ မြန်မာ MOGE မှ ၁၅% ရင်းနှီးမြှတ်နှံသောကြောင့် အမြတ်ငွေ၏ ၁၅% ရရှိမည်ဖြစ်သည်။ မည်မျှမြတ်မည် မသိနိုင်သော်လည်း Eleven Media ဖေါ်ပြချက်အရ ဒေါ်လာသန်းပေါင်း ၃၈၁၀ တန်ဖိုးရှိသော ရေနံစိမ်းနှင့်ဓါတ်ငွေများ မြန်မာနိုင်ငံကို ဖြတ်သန်းခမှာ ကန်ဒေါ်လာ ၃၆သန်း (1%) ရရှိမည်ဟု ဆိုပါသည်။ အခြားတစ်ဖက်မှ Eleven Media သတင်းအရ၊ ရေနံစိမ်းတန်ချိန် ၂သန်းနှင့်ဓါတ်ငွေ့၂ ဘီလျှံကုဗမီတာ ရမည်ဟုလည်း ဆိုပြန်သည်။ ထိုသို့ဆိုပါက  ဖြတ်သန်းခ ကန်ဒေါ်လာ ၄၄၃သန်း (12%) ဖြစ်နေသည်။
ထိုသို့ အလွန်ရှုပ်ထွေးလှသော ဖြတ်သန်းခ စာချုပ်မှာ ပွင့်လင်းမြင်သာမှုမရှိမှု ပေါ်လွင်နေပါသည်။ ကောက်နုတ်ချက်အဖြစ် ထိုများပြား လှသော ငွေကြေးများအား စီမံခန့်ခွဲရသော အစိုးရ၀န်ကြီး လစာမှ ကျပ်ငွေ ၆ သိန်းသာဖြစ်သည်ဟု သိရသည်။ ထို ၆ သိန်းငွေကြေား (ဒေါ် လာ ၉၀၀) သည် သူ့တို့မိသားစု ၄ ဦး ထမင်းစရိတ်ပင် မရှိပါ။ Corruption အနည်းနှင့်အများ ရှိမည်ဖြစ်ရာ နည်းပါစေဟု မျှော်လင့်မိပါ သည်။  ၀န်ကြီးဦးစိုးသိန်းက မမှန်မကန်လုပ်ဆောင်လျှင် တိုင်တန်းနိုင်သည်ဟု ယခုအပတ်က ပြောဆိုသော်လည်း၊ ပြည်သူနှင့်မီဒီယာများမှာ မတိုင်တန်းလိုပါ။ ၀န်ကြီးများ ပိုင်ဆိုင်မှုကို သမ္မတထံ တင်ပြခဲ့ပြီးပြီဟုလ်း ၀န်ကြီးဦးစိုးသိန်းက ဆိုပါသည်။ လူထုထံ မထုတ်ပြန်သေးဟု သိရ ပါသည်။ ကောင်းပါသည်။
ယခု တင်ပြသည်မှာ သဘာဝဓါတ်ငွေ့ တစ်ခုတည်းဖြစ်ပါသည်။ ရေနံ၊ဓါတ်ငွေသယံဇာတ  ~ဒေါ်လာ ၄ ဘီလျှံသည် တစ်တိုင်းပြည်လုံး ကုန်ထုတ်လုပ်မှု GDP 57 billion US$ ၏ ၇% သာရှိပါသည်။ သမ္မတဦးသိန်းစိန် ပထမဆုံး အရေးကြီးသည့်အလုပ်သည် ဓါတ်ငွေ့ရောင်းချမှုကို ထိန်းချုပ်သည့် Accounting စာရင်းဖြစ်သည်ဟု သမ္မတကိုယ်တိုင် ပြောခဲ့သည်။ သမ္မတဦးသိန်းစိန် ထိန်းချုပ်ရန် ခက်ခဲသည့် အခြေအနေ များစွာရှိပါသေးသည်။ ဓါတ်ငွေ့လုပ်ငန်းကဲ့သို့ အခြား နိုင်ငံခြားကုမ္ပဏီကြီးများ သွားရည်ယိုသည့် လုပ်ငန်းများစွာရှိသော်လည်း မယုံကြည် သေး၍၄င်း၊ Infra Structure လျှပ်စစ်၊ ရေ၊ မြေ၊ ပို့ဆောင်ဆက်သွယ်ရေး..မရသေးသဖြင့်၎င်း၊  ရင်းနှီးမြှတ်နှံရန် စောင့်ကြည့် နေဆဲဖြစ်သည်။ 
● ငွေများများသုံးသည့်ကဏ္ဍ၊ ခြစားမှုများသည်
ယခု တိုင်းပြည်ပြုပြင်ပြောင်းလဲရေးလုပ်သောအခါ … အဓိက နိုင်ငံခြားရင်းနှီးမြှတ်နှံသူများစွာ ငွေထုတ်ပိုက်ပြီးရောက်လာသည်။ သူတို့ရင်းနှီးမြှတ်နှံသည့်လုပ်ငန်းများမှာ တိုးချဲ့လုပ်ဆောင်မည့် ကဏ္ဍများဖြစ်သည်။ ၂၀၁၃-၁၄ တွင် တစ်မျိုးသားလုံးထုတ်လုပ်မှု GDP US$ 57 billion တွင်၊  ကုန်သွယ်မှု 11 billion (များစွာတိုးချဲ့ဦးမည်)၊  ဆောက်လုပ်ရေး၊ 2.5 billion (များစွာတိုးချဲ့မည်), ပို့ဆောင်ရေးလုပ်ငန်း 7.3 billion, ဆက်သွယ်ရေး 1.1 billion (ဘီလျှံများစွာတိုးချဲ့မည်),  သားငါးကဏ္ဍ 4.7 billion, ငှားရမ်းဝန်ဆောင်မှု (1.1 billion – အိမ်မြေ၊ကားရောင်းဝယ်မှု) စသည့်လုပ်ငန်းများတွင် လပ်စားမှုမြောက်များစွာ တဟုန်ထိုးပြေးဝင်လာတော့သည်။ အစိုးရကလည်း အခွန် ကောက်ခြင်း၊ လောင်စာဆီတင်သွင်းခြင်း၊ ဇိမ်ခံပစ္စည်းတင်သွင်းခြင်း၊ ကျောက်မြတ်၊ကျွန်းသစ်၊ဓါတ်ငွေ စသည့်သယံဇာတများအတွက် အစိုးရနှင့်ဝန်ထမ်းများ လပ်စားမှုမရှိရန် အထူးလုပ်ဆောင်ရသည်။ အကျိုးအမြတ်မရသော လယ်ယာ (14 billion) နှင့်စက်မှု၊လျှပ်စစ် (12.7 billion လုပ်ငန်းများတွင် ခြစားမှုနည်းပါးသည်။ သို့သော် ယခု နိုင်ငံတကာအဆင့်မီ စက်ရုံများ၊ လျှပ်စစ်ဓါတ်အားပေးစက်များ အစိုးရကို ဈေးကြီးကြီးနှင့်ရောင်းချမည့် နိုင်ငံခြားရင်းနှီးမြှတ်နှံသူများက လပ်ပေးရန်ကြိုးစာနေကြပြီဖြစ်သည်။ အချို့ လူနည်းစု အစိုးရတာ ၀န်ရှိသူများကလည်း တောင်းတာတောင်း ..ဟူသောစိတ်ဓါတ်ဖြင့် နိုင်ငံခြားကုမ္ပဏီကြီများထံ တောင်းနေကြသည်ဟု ကြားသိရ သည်မှာ စိတ်မချမ်းမြေ့ဖွယ်ရာဖြစ်သည်။
တရုပ်၊ကိုးရီးယား၊ စင်ကာပူနိုင်ငံများတွင် ခြစားမှုများကို ကာကွယ်ရန်၊ နိုင်ငံခြားကုမ္ပဏီကြီးများ၏ တဖက်သတ်ချုပ်ဆိုသော စာချုပ်များကို နားလည်မည့် လူငယ်များစွာကို ပြည်ပပညာသင်ဆုများ ပေးပြီး၊ မိမိနိုင်ငံ အစိုးရအဖွဲ့တွင် ခန့်ထားပါသည်။ ပညာတော်သင်များ တော် တော်များများ ပြန်မလာကြသော်လည်း၊ နောင်တစ်ချိန်တွင် ပြန်လာကြသည်ချည်းဖြစ်သည်။ ပညာတော်သင်စေလွှတ်ခြင်းမှာ ရေရှည်စီ မံကိန်းဖြစ်သည်။ ရေတိုစီမံကိန်းတွင် စီမံခန့်ခွဲမှုပညာ အားနည်းသော လက်ရှိအစိုးရအဖွဲ့ဝင်များနှင့် နိုင်ငံခြား Consultant များ၊ ကုလသမဂ္ဂ နှင့်အဖွဲ့အစည်းများဖြင့် ပူးပေါင်းလုပ်ဆောင်ရပါမည်။ အကြီးတန်းအစိုးရအရာရှိများကို တောင်ကိုးရီးယားသို့ ၃ ပတ်ခန့် လေ့လာရေး စေ လွှတ်ခြင်းသည် ကောင်းပါသည်။ ရေတိုအတွက် အကောင်းဆုံးနည်းလမ်းမှာ နိုင်ငံခြားသားများကို ထိုက်တန်သည့် လစငွေ ပေးပြီး ခေါ်ယူ ခန့်ထားရန်သာ အကောင်းဆုံးနည်းလမ်း ဖြစ်နေပါသည်။ (မိုးမခပေးစာ)  

အခြား၊ အိန္နိယ (စီမံကိန်း)၊ ထိုင်း (ရတနာနှင့်ရဲတခွန်) သို့ရောင်းချသော သဘာဝဓါတ်ငွေ့ပိုက်လိုင်းများ

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts