>Moemaka Quotes in August

>

မိုးမခရဲ့ သြဂုတ်လ စာကိုး စကားကိုး
သြဂုတ် ၂၉၊ ၂၀၀၉


“မောင်ဝိတ်ကို အာဏာပိုင်တွေက မျက်နှာသာပေးပြီးတော့ ဂျာနယ်၊ မဂ္ဂဇင်းတွေ ပေးဖတ်တယ်။ အဲ့တော့ ကိုဖိုးတုတ်က သူတို့ကိုလည်း ပေးဖတ်ဖို့ တောင်းဆိုတာကို အရာရှိ ကျော်ဇေယျယု က မင်းတို့ ၅ ည တွေကို သေအောင် သတ်ပစ်လို့ ရတယ် ဆိုပြီး ခြိမ်းခြောက်လိုက်တယ်။ ဘယ်သူ့ကို ဆိုလိုတာလည်းလို့ ပြန်မေးတော့ အရာရှိ ကျော်ဇေယျယုက မင်းတို့ နိုင်ငံရေးသမားတွေကို ပြောတာတဲ့”
ခန္တီးထောင်ရောက် နိုင်ငံရေးအကျဉ်းသား ကိုဖိုးတုတ်၏ မိသားစု နှင့် နီးစပ်သူတဦး
DVB အသံလွှင့်ဌာန၊ သြဂုတ် ၂၁

“၁၉၈၄ ခုနှစ်က တောင်အာဖရိကနိုင်ငံမှာ အသားအရောင်ခွဲခြားတဲ့ လူဖြူအစိုးရကနေ ဦးစီးပြီးရေးဆွဲခဲ့တဲ့ အခြေခံဥပဒေကို အသိအမှတ်မပြုခဲ့သလိုပဲ အဲဒီဖွဲ့စည်းပုံဥပဒေက ပေါ်ထွက်လာတဲ့ ရွေးကောက်ပွဲကိုလည်း ကုလသမဂ္ဂက အသိအမှတ်မပြုခဲ့ပါဘူး။

ဲဒီလိုပဲ မြန်မာနိုင်ငံမှာ စစ်အစိုးရက တဖက်သတ်ရေးဆွဲပြီးတော့ စစ်အစိုးရရဲ့ အာဏာဆက်ရှိစေမယ့် ရွေးကောက်ပွဲကို အသိအမှတ်ပြုသလို ဖြစ်စေတဲ့ စကားမျိုးတွေကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်တယောက်အနေနဲ့ မပြောသင့်ဘူးလို့ ကျမတို့အဖွဲ့က ယူဆပါတယ်”
Janet Benshoof ၊ နယူးယောက်အခြေစိုက် ကမ္ဘာလုံးဆိုင်ရာတရားမျှတရေး အဖွဲ့၏ ဥက္ကဋ္ဌ
RFA အသံလွှင့်ဌာန၊ သြဂုတ် ၁၄

“မြ၀တီမြို့ရှိ ပြည်တန်ဆာရုံ ပေါင်း (၅၀)နီးပါးရှိပြီး အများစုမှာ မြန်မာ့တပ်မတော် အရာရှိဟောင်းများနှင့် တိုးတက် သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ)အရာရှိကြီးများ ပိုင်ဆိုင်ကြပြီး ရုံတရုံလျှင် ပြည့်တန်ဆာ အနည်း ဆုံး ၁၀ ဦး ခန့်ရှိကြောင်း သိရသည်”
ကရင်သတင်းစဉ် (KIC)၊ သြဂုတ်လ ၂၆

“ကျွန်မကို မြန်မာပြည်ကမှန်း မသိဘူး။ အမေရိကားကလိုလို လန်ဒန်ကလိုလို ထင်ကြတယ်။ ဒါပေမဲ့ အခွင့်အရေး ရတာနဲ့ အင်တာဗျူးတွေမှာ ကျွန်မ မြန်မာ ဆိုတာ ပြောတော့ အရမ်း အံ့သြကြတယ်။ – – ကျွန်မ (အိန္ဒိယနိုင်ငံ) ဘုံဘေက မင်းသား၊ မင်းသမီးတွေ နေတဲ့ ရပ်ကွက်မှာပဲ နေတာပါ။ – – မြန်မာပြည်က အစားအသောက်ကိုတော့ အရမ်း လွမ်းတယ်။ – – – ဘောလိဝုဒ်အကကို ဆရာနဲ့ ၂ ရက် သင်ရတယ်။ ကိုယ်ကလည်း အရင်က တခြား အကတွေ ကတတ်တော့ အဆင်ပြေသွားတယ်။ – – – အနုပညာကြေးကိုတော့ ထုတ်မပြောတော့ပါဘူး။ နိုင်ငံတကာ စံနှုန်းအတိုင်း ရပါတယ်။ ဗီဒီယိုကတော့ မစဉ်းစားရသေးဘူး။ ကြော်ငြာတွေကတော့ ရိုက်ဖြစ်မှာပါ”

Laila Khan ခေါ် မစန္ဒာဝင်း၊ ဘောလိဝုဒ် သရုပ်ဆောင် (photo: movies sulekha com)
ပေါ်ပြူလာ ဂျာနယ်၊ သြဂုတ် ၎

“သက်မွန်က ခွေးချစ်တတ်တာလေ။ ခွေးမွေးချင်တယ် လို့ပဲ ပူဆာနေတာ။ အလုပ်နဲ့က အဆင်မပြေဘူး၊ ထိန်းနိုင်မှာလည်း မဟုတ်ဘူး ဆိုပြီး ဖေဖေက ခွေးရုပ် ၀ယ်ပေးတယ်”

သက်မွန်မြင့်၊ သရုပ်ဆောင် (photo: beauty magazine)
ပေါ်ပြူလာ ဂျာနယ်၊ သြဂုတ် ၁၈

“ရုပ်ရှင်တော့ အကြည့်နည်းတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့ကားတွေ ကြည့်တဲ့အခါ ကိုယ်က စိတ်ကူးနဲ့ပဲ မီပြီး လက်တွေ့ မမီတာမို့ မနာလို ဖြစ်ပြီး မကြည့်တော့တာပါ”

အောင်လွင်၊ သရုပ်ဆောင်၊ ဒါရိုက်တာ
နံနက်ခင်း ဂျာနယ်၊ သြဂုတ် ၁၉

“အခု ဦးမြင့်သိန်းဖေဆိုရင် အဲလိုပဲ ဗဟိုကနေချပေးတာလေ အဲ့တော့ ရွေးနေတာလည်း သိပ်တော့မထူးပါဘူး၊ ပြီးရင် ဗဟိုက သူတို့ချပေးတဲ့ လူတယောက်က လုပ်ရမှာပါ။ – – – ကျနော့် အမြင်ပြောရရင် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး အတွက် ဥက္ကဋ္ဌ လူကြီးကို ရုပ်ရှင် အနုပညာသည်ထဲကပဲ ဖြစ်သင့်တယ်။ ဒါမှသာ ကျနော်တို့ အနုပညာသည်တွေကို စာနာတတ်မယ်၊ အနုပညာသည်တွေ ဘက်က ရပ်တည်နိုင်တယ်၊ အဲလို သဘော ရှိပါတယ်။ အဲဒါက အစည်းအရုံး ဥက္ကဋ္ဌ တယောက်အနေနဲ့ မဟုတ်ဘူး၊ ဆင်ဆာဘုတ် အဖွဲ့ကပါ အဲလို ခံစားတတ်မှ ရမှာ။ – – – အခုကျတော့ အရင် ခွင့်ပြုထားတဲ့ သရဲကားတွေပါ ခွင့်မပြုတော့ဘူး ဆိုတဲ့ စာနဲ့ ထွက်လာပြီ။ နောက် ဆင်ဆာ အရမ်းကြပ်တယ်။ အခုဆိုရင် ကျနော်တို့ တချို့ ဇာတ်ကားတွေ ပိတ်ထား၊ ပြုထားတာတွေလည်း ရှိတယ်”

မောင်မျိုးမင်း၊ ရုပ်ရှင် ဒါရိုက်တာ (photo: ahuntphonemyat.wordpress.com)
DVB အသံလွှင့်ဌာန၊ သြဂုတ် ၂၂


“ယောက်ျားကနေ မိန်းမပြောင်းမယ်ဆိုရင် ခွဲစိတ်ချိန်က နှစ်နာရီကနေ ခြောက်နာရီ ကြာမယ်။ ၁ဝ ရက်လောက်
တော့ ပေါင်လိုဝ် ဆေးရုံမှာ တက်ရမယ်။ ဆေးရုံမှာ ဘာသာပြန်မြန်မာတစ်ယောက်ရှိတယ်။ ဒီကနေပြီး ခွဲဖို့ သွားမယ်ဆိုရင် လေဆိပ်မှာ လာကြိုတာကအစ အစစအရာရာ အားလုံးစီစဉ်ပေးမယ်”

ဦးသန့်သီဟ၊ ပေါင်လိုဝ် ဆေးရုံကြီး၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်
Voice ဂျာနယ်၊ သြဂုတ် ၂၄

“အို အချင်းတို့ စိတ်ရှိလက်ရှိ ပေါကြကုန်လော့ ဟု မြှောက်ပေးခြင်း၊ ညာသံပေးခြင်းတော့ မဟုတ်ရပါ။ ကျွန်တော်တို့မှာ အရေးတကြီး သတိပြုရန် အချက်တစ်ချက် ရှိနေသည်။ ပရိတ်အပေါ် သစ္စာ ရှိဖို့ပဲ ဖြစ်၏။ သူတို့မှာ ဒီ ပေါတောတောတွေကိုတောင် အလကား ကြည့်ရတာ မဟုတ်။ တန်ရာတန်ဖိုး ပေးပြီး ဖတ်ကြ၊ ကြည့်ကြရတာ။ ထို့ကြောင့် အနုပညာသမားတွေ အနေနဲ့လည်း စေတနာထားပြီး ထိုက်ထိုက်တန်တန် ပေါကြရင် ကောင်းမယ် ထင်တာပဲ”

မင်းလူ၊ ဟာသ စာရေးဆရာ (photo: phat sa yar journal )
အလင်းတန်းဂျာနယ်၊ သြဂုတ် ၁၀

“၂ဝ ရာစုအစမှာ အမေရိကန်မြို့ကြီးတွေမှာ လျှပ်စစ်ဓာတ်အား သုံးတဲ့ Train လို့ ခေါ်တဲ့ ရထားတွေ ခေတ်စား လာတယ်။ ဒါကြောင့် ကားကုမ္ပဏီ ဘိုးတော်တွေနဲ့ ရေနံကုမ္ပဏီ ဘိုးတော်တွေ ပေါင်းပြီး ဖျက်ပစ်လိုက်ကြတယ်။ ဒါကြောင့် အမေရိကားမှာ Public Transport လို့ ခေါ်တဲ့ အများသုံး လမ်းပန်းဆက်သွယ်ရေး စနစ်က သိပ်ညံ့တယ်။ ဒါကြောင့် ဘယ်သွားသွား ကားရှိမှ ဖြစ်တယ်။ ဒါမှ ကားရောင်းရမယ်၊ ဓာတ်ဆီရောင်းရမယ်ပေါ့”

ဘိုဘိုကျော်ငြိမ်း၊ ဆောင်းပါးရှင်
မဇ္ဈိမသတင်းဌာန၊ သြဂုတ် ၁၇

“ဗိုလ်ချုပ်သန်းရွှေသည် US ၏ Target Sanction ကို အလူးအလဲ ခံနေရပါသည်။ ထို့ကြောင့် 1997 ခုနှစ်က Sanction ကို ၎င်းအနေဖြင့် နိုင်ငံရေး ကစားကွက် အနေဖြင့် အသုံးပြုခဲ့ရာမှ ယနေ့ ကိုယ်ကျိုးစီးပွား ထိလာသောအခါတွင် မခံမရပ်နိုင် ဖြစ်နေခဲ့ရပါသည်။

အထူး သတိထားရမည့် အချက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို နည်းမျိုးစုံနှင့် သိက္ခာချပြီး ဒေါ်စု၏ ခေါင်းမာမှုကြောင့် မြန်မာနိုင်ငံ ဒုက္ခရောက်နေသည် ဆိုသည့် ပုံကို ဖော်ပြီး နိုင်ငံတကာရှိ ၎င်းတို့နှင့် နီးစပ်သော ပုဂ္ဂိုလ်များကို မြန်မာနိုင်ငံအတွင်း VISA ပေးပြီး ဒေါ်စုနှင့် ပေးတွေ့စေကာ ကမ္ဘာကို ၀ါဒ ဖြန့်ပြီး ဗိုလ်ချုပ်သန်းရွှေ အနေဖြင့် သူတော်ကောင်း အရောင်ဆောင်လိမ့်မည် ဖြစ်ကြောင်း အစီရင်ခံအပ်ပါသည်”

သံအမတ်ဟောင်း ဦးအောင်လင်းထွဋ်
photayokeking.org ၊ သြဂုတ် ၂၂

“ကော်ပီသီချင်း ဆိုတာ သူများ အင်္ကျီ ငှားဝတ်တာ လို့လည်း မမြင်စေချင်ပါဘူး။ ကော်ပီ ဆိုတာ ကမ္ဘာမှာလည်း ရှိပါတယ်။ ကိုယ် ဆိုလိုက်တဲ့ သီချင်း၊ တီးတဲ့ သံစဉ် အရမ်း ကောင်းတယ်လို့ ကမ္ဘာက သတ်မှတ်ရင် လူတိုင်းလိုလို ကိုယ့်စာ၊ စကားနဲ့ ပြောင်းပြီး ဆိုကြတာပါပဲ။ ဒါ ခိုးတာ မဟုတ်သလို ငှားဝတ်တာလည်း မဟုတ်ပါဘူး။ မူလ သီချင်းရှင်ကို ဂုဏ်ပြုရာ ရောက်ပါတယ်။ သ့သီချင်း၊ သူ့သံစဉ်ကို ဘာသာမျိုးစုံနဲ့ ဆိုကြတယ်၊ လူတွေ နားထောင်ကြတယ် ဆိုတာ သိရရင် သူ ဘယ်လောက် ပျော်မလဲ ဆိုတာ တွေး ကြည့်ရင် မြင်နိုင်ပါတယ်။

ဂီတအစုံ နားထောင်ပါတယ်။ ဟစ်ဟော့၊ ပန့်ခ်၊ ရက်ဂေး၊ အာရ်အင်န်ဘီ ခေတ်ပေါ် ဂီတ အားလုံးကို နားထောင်ပါတယ်။

ကျနော် ပထမဆုံး ဆိုခဲ့တဲ့ ပန်လှည့်တော့ ချစ်ဦးငယ်၊ အချစ်ည ရင်ခုန်သံတို့က ကိုယ်ပိုင် သံစဉ်တွေပါ။ အဲဒီကြားမှာ အချစ်ဟောင်းရဲ့ လက်ထပ်မင်္ဂလာ၊ နေကွယ်ရင် လထွက်မယ် စတဲ့ အိန္ဒိယ ကော်ပီတေးတွေ ဆိုဖြစ်တာပါ”

စိုးပိုင်၊ စတီရီယို ခေတ်ဦး အဆိုတော်
နံနက်ခင်း ဂျာနယ်၊ သြဂုတ် ၁၂



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts