Uncategorized

88 Silver Jubilee – Welcome Event – LA Burmese Community

၈လေးလုံး ငွေရတုအကြို မြန်မာပြည်က ၈၈ မျိုးဆက် ခေါင်းဆောင်များနှင့် LA မြန်မာတို့ တွေ့ဆုံမည်
မိုးမခရွာဆော်ကြီး၊ ဇူလိုင် ၂၊ ၂၀၁၃
            မြန်မာပြည်က ရောက်ရှိနေတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ဖြစ်ကြတဲ့ ကိုမင်းဇေယျာ၊ ကိုအံ့ဘွယ်ကျော်၊ ကိုပြုံးချိုတို့နှင့် LA မြန်မာမိသားစုများ ၈လေးလုံးငွေရတုအကြို တွေ့ဆုံပွဲကို လာမည့် ဇူလိုင်လ ၇၊ (ဆဲဗင်းဂျူလိုင်)၊ Burmese Buddhist Monastery, La Puente မှာ နေ့ခင်း ၂ နာရီက ၄ နာရီအထိ ကျင်းပမည်ဖြစ်ကြောင်း ဖိတ်ကြားစာ ထုတ်ပြန်ထားပါတယ်။
            ဖိတ်ကြားချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
ရှစ်လေးလုံးငွေရတုအခမ်းအနားကျင်းပရေးကော်မီတီနှင့် Los Angeles မြန်မာမိသားစုများတွေ့ ဆုံပွဲ
၂၀၁၃ခုနှစ် သြဂုတ်လ (၈) ရက်တွင် ကျရောက်မည့် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ၏ (၂၅)နှစ်ပြည့် ငွေရတုတွင် အနာဂတ်မြန်မာနိုင်ငံတော်၏ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ၈၈မျိုးဆက် ပြည်တွင်းပြည်ပမှ တိုင်းရင်းသားညီအစ်ကို မောင်နှမများ၊ ဒီမိုကရေစီ အင်အားစုများအားလုံး စုစည်းညီညွတ်စွာဖြင့် တွေ့ဆုံဆွေးနွေးနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
အဆိုပါ ငွေရတုအခမ်းအနားကြီးတွင် ပြည်တွင်းပြည်ပမှ ၈၈မျိုးဆက် တိုင်းရင်းသား ညီအစ်ကို၊ မောင်နှစ်မ အဖွဲ့အစည်းများအားလုံး နိုင်ငံရေးအနှစ်သာရ ပြည့်ဝစွာ၊ စုစည်းညီညွတ်စွာဖြင့် ပူးပေါင်းပါဝင်ဆက်သွယ် ဆောင်ရွက်နိုင်ရန်အတွက် ငွေရတုအခမ်းအနားကျင်းပရေးကော်မီတီဝင်များဖြစ်သည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များဖြစ်သော  ကိုမင်းဇေယျာ၊ ကိုအံ့ဘွယ်ကျော်နှင့် ကိုပြုံးချိုတို့  အမေရိကန်ပြည်ထောင်စုသို့  ရောက်ရှိနေပါသည်။ ငွေရတုကျင်းပရေးအဖွဲ့ ဝင်ကျောင်းသားခေါင်းဆောင်များ နှင့် Los Angeles ရှိ မြန်မာမိသားစုများ တွေ့ ဆုံပွဲကို အောက်ပါအစီအစဉ်အတိုင်းကျင်းပရန်ရှိပါသည်။
ဂျူလိုင် ၇ ရက်၊ ၂၀၁၃ (တနင်္ဂနွေနေ့ )
နေ့ လည် ၂ – ၄ နာရီထိ
Burma Buddhist Monastery
710 Grandview Lane, La Puente, CA 91744
အခမ်းအနားကို Los Angeles မြို့ ၈၈ မျိုးဆက်မိသားစုများမှ စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး စိတ်ဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ကြောင်း နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါသည်။
ကိုမော်ကြီး 714-262-6930
ကိုသူရ 714-331-5804
ကိုကျော်ဝဏ္ဏ 626-478-7717
email: laorganizers4burma@gmail.com


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts