သတင်းပဒေသာ

Overseas Rep for 88 Silver Jubilee Convention Committee Assigned

ရန်ကုန်ရှိ ၈လေးလုံး ငွေရတုကျင်းပရေးကော်မီတီက ပြည်ပဆက်သွယ်ရေးဆိုင်ရာ ကိုယ်စားလှယ်များ ကြေညာ
မိုးမခသတင်းကောက်နုတ်ချက်၊ The 88 Silver Jubilee Facebook၊ ဇူလိုင် ၂၊ ၂၀၁၃
ဇွန် ၂၅ နေ့စွဲ ထုတ်ပြန်ချက်အရ ၈၈ ငွေရတုအခမ်းအနား ကျင်းပရေးကော်မီတီက အောက်ပါပုဂ္ဂိုလ်များကို အခမ်းအနားဆိုင်ရာ ကိုယ်စားလှယ်များအဖြစ် အသီးသီး သတ်မှတ်ကြောင်း ကြေညာလိုက်သည်ကို တွေ့ရသည်။
 ပြည်ပရှိ ၈၈ မျိုးဆက် ရဲဘော်များနှင့် ဆက်သွယ်ဆွေးနွေးရန် အမေရိကန်နှင့် ကနေဒါခရီးစဉ်ဖြင့် ရောက်ရှိနေသော ကိုပြုးင်္ချို (လူ့အခွင့်အရေးတာဝန်ခံ) နှင့် ကိုအံ့ဘွယ်ကျော် (သတင်းပြန်ကြားရေးတာဝန်ခံ) တို့ကို၎င်း
နိုင်ငံတကာဆိုင်ရာ ဖိတ်ကြားရေးနှင့် ဆက်ဆံရေး ဆပ်ကော်မီတီ၏ ပြည်ပကိုယ်စားလှယ်များအဖြစ် ကိုဘိုကြည်၊ ကိုမိုးသီးဇွန်၊ ကိုမောင်မောင်ကျော်နှင့် ကိုမောင်မောင်သိန်းတို့ကို သတ်မှတ်ကြောင်း စာထုတ်လိုက်သည်ကို တွေ့ရသည်။
ကိုပြုံးချိုနှင့် ကိုအံဘွယ်ကျော်တို့သည် ပြည်ပရှိ ဒီမိုကရေစီအင်အားစုများ၏ အစွမ်းကုန်သော ပူးပေါင်းဆောင်ရွက်မှုရယူရေး လုပ်ဆောင်နိုင်ရန်အတွက် အပြည့်အ၀ လုပ်ပိုင်ခွင့်လွှဲအပ်ထားကြောင်းကိုလည်း ဖော်ပြထားသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts