>Burmese Band – Lazy Club to entertain Burmese in Fort Wayne

>

ဖို့ဝိန်းမြို့ ဇေတ၀န်ကျောင်းရန်ပုံငွေအတွက် လေဇီးကလပ်မြန်မာတီးဝိုင်း ဖျော်ဖြေမည်

မိုးမခရွာဆော်ကြီး

သြဂုတ် ၂၇၊ ၂၀၀၉

မြန်မာနိုင်ငံမှ ပြည်ပသို့ ဂီတဖျော်ဖြေပွဲခရီးစဉ်ဖြင့် လှည့်လည်နေသော မြန်မာခေတ်ပေါ်ဂီတ၀ိုင်းတခုဖြစ်သည့် လေးဇီးကလပ်နှင့် မြန်မာခေတ်ပေါ်အဆိုတော်များသည် လက်ရှိ သြဂုတ်နှင့် စက်တင်ဘာလအတွင်း အမေရိကန်အနောက်ခြမ်း အယ်လ်အေနှင့် ဆန်ဖရန်စစ္စကိုတို့တွင် မြန်မာပရိသတ်တို့အား ဖျော်ဖြေပြီးနောက် အင်ဒီယားနားပြည်နယ်၊ ဖို့ဝိန်းမြို့သို့ အောက်တိုဘာလတွင် လာရောက်ကြမည်ဟု သိရသည်။

ဖို့ဝိန်းမြို့ မြန်မာဘုန်းတော်ကြီးကျောင်းတခုဖြစ်သည့် ဇေတ၀န်ကျောင်းတိုက် ရန်ပုံငွေအတွက် အောက်တိုဘာလ ၁၀ ရက်၊ စနေနေ့၊ နေ့ခင်း ၂ နာရီမှ ည ၈ နာရီအထိ ဟက်ဒ်ဝါးတား ပန်းခြံတွင် ဧည့်သည်တော်အဆိုတော်များဖြစ်သည့် ချစ်ကောင်း၊ ဇော်ပိုင်၊ အာရ်ဇာနည်နှင့် သဇင်တို့ဖြင့် ဖျော်ဖြေမည်ဟု လက်ကမ်းစာရွက်တွင် ဖော်ပြထားသည်။

ဇေတ၀န်ကျောင်းတိုက်တည်ရှိရာ 6615, Hanna St. Fort Wayne, In 48616. Phone – 260-441-0558 သို့ ဆက်သွယ်စုံစမ်းနိုင်သည်ဟု သိရသည်။ အမေရိကန်ပြည်ထောင်စုသို့ ၁၉၈၈ နောက်ပိုင်း ရွှေ့ပြောင်းခိုလှုံလာကြသော မြန်မာတိုင်းရင်းသား လူမျိုးပေါင်းစုံ အများဆုံး အခြေချရာ မြို့အဖြစ် ဖို့ဝိန်းမှာ ထင်ရှားသည်။ မြန်မာလူဦးရေ ၁ သောင်းနီးပါး ရှိသည်ဟု ခန့်မှန်းကြသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts