>
အရှက်မရှိတဲ့လက်
မိုးစဲနေ
သြဂုတ် ၂၇၊ ၂၀၀၉
နံနက်ခင်းရယ် …
ငါ့ တတောလုံး ပွင့်ပြခဲ့တာတောင်
မင်း ရီ(ရယ်)သံ တချက်ထဲနဲ့
ကြွေတယ်။
လက်တဘက်နဲ့ တဘက်
တင်းတင်းကျပ်ကျပ် ဆုပ်နစ်ဖို့
ရင်ဘတ် ရင်ဘတ်ချင်း
လွတ်မထွက်တမ်း ပွေ့ဖက်ဖို့
ချစ်ခင်တတ်ဖို့ပဲ လိုတာပါ။
အသက် ဆက်ဖို့
ညောင်သီးလေး ရှာရင်း
အကြိမ်ကြိမ် မြားဒါဏ်သင့်ခဲ့တဲ့
တသက်တာ မနာကျင်ပဲ ရှိပါ့မလား
တခါမှ အမြတ် မထွက်ခဲ့ဘူးလို့
တခါမှ မရှုံးခဲ့ဘူးပါ
အရှုံး နဲ့ အမြတ်ဟာ
ဘ၀မှာ ထုထည်ကြီးတယ် ဆိုရင်
ကျနော်တို့ ညတာတွေ ရှည်ရော့မယ်။
သေချာတာကတော့
ခု ညထိ
ကျနော်ကမ်းခဲ့တဲ့ လက်အတွက်
ကျနော် မရှက်ခဲ့ဘူး။
သြဂုတ် ၂၅၊ ၂၀၀၉