>Chinese Fishing Vessel Sank in Rangoon River

>

ရန်ကုန်မြစ်အတွင်း တရုတ်ငါးဖမ်းသင်္ဘောတစင်း နစ်မြုပ်

မိုးမခအထောက်တော်၊ ရန်ကုန်

သြဂုတ် ၂၆၊ ၂၀၀၉

ရန်ကုန်မြစ်အတွင်း တရုတ်ငါးဖမ်းသင်္ဘောတစ်စီးအား သြဂုတ်လ ၂၄ရက်နေ့က နစ်မြုပ်နေသည်ကို တွေ့ရှိရပြီး အသက်ရှင် ကျန်ရစ်သူများ တွေ့ရှိပါက သန်လျင်မြို့နယ်နှင့် ဒလမြို့နယ်များမှ ရဲတပ်ဖွဲ့ဝင်များအား သက်ဆိုင်ရာမှ အကြောင်းကြားထားကြောင်း သိရှိရသည်။

အဆိုပါတရုတ် ငါးဖမ်းသင်္ဘောတွင် တရုတ်နိုင်ငံသား ၃ဦးနှင့် မြန်မာနိုင်ငံသား ၁၅ဦး ပါဝင်သည်ဟု သိရှိရပြီး ယခုလောလောဆယ်တွင် တရုတ်နိုင်ငံသား တစ်ဦး နှင့် မြန်မာနိုင်ငံသားတစ်ဦး အလောင်းများသာ ဆယ်ယူရရှိသေးသည်ဟုလည်း သိရှိရသည်။ ငါးဖမ်းသင်္ဘောဧ။်အမည်မှာ young brother ဟုအမည်ရပြီး မြန်မာကမ်းရိုးတန်းတလျှောက်တွင် ငါးဖမ်းနေသည့် သင်္ဘောဖြစ်သည်ဟု ယူဆရပြီး ရန်ကုန်ငါးလုပ်ငန်း ကုမ္ပဏီအမည်ရှိ တရုတ်ပိုင်ကုမ္ပဏီရုံးခန်းကို ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသည်။ အဆိုပါ ကုမ္ပဏီပိုင် သင်္ဘော ဒါဇင်နှင့်ချီ၍ မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်တွင် ငါးဖမ်းလျှက်ရှိသည်ဟု သိရှိရသည်။ သင်္ဘောအရွယ်အစားမှာ ပင်လယ်ကူး သင်္ဘောများထက် သေးငယ်သည်ဟုလည်း သိရှိသည်။

မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံက ရေနံတူးဖော်ရေး ငါးဖမ်းလုပ်ငန်း နှင့် ဆက်သွယ်ရေး လုပ်ငန်းနယ်ပယ်များတွင် ရင်းနှီးမြှပ်နှံ လုပ်ကိုင်လျက်ရှိပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့တွင် အများဆုံး ရင်းနှီးထားသည်ကို တွေ့ရှိရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts