>One Ship from Junta run co-op sank aty Myeik sea port

>

စီးပွားရေး ဦးပိုင်မှ သင်္ဘောတစီးနစ်မြုပ်

မိုးမခ အထောက်တော်၊ ရန်ကုန်

သြဂုတ် ၂၄၊ ၂၀၀၉

မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် ကုမ္ပဏီခွဲ တခုဖြစ်သည့် ငွေပင်လယ် ကုမ္ပဏီပိုင် M V Ngwepinle 113 သင်္ဘော မြိတ်မြို့ဆိပ်ကမ်း၌ ယမန်နေ့ ( သြဂုတ် ၂၃) နေ့က နစ်မြုပ်သွားကြောင်း မြိတ်မြို့မှလာသော သတင်း တရပ်အရ သိရှိရသည်။

ဖြစ်ပွားပုံမှာ ပေ ၇၀ အရှည်ရှိသည့် ငွေပင်လယ် ကုမ္ပဏီလီမိတက်ပိုင် အဆိုပါ `အမ်ဗီ ငွေပင်လယ် ၁၁၃ ´သင်္ဘောမှာ မြိတ်မြို့ဆိပ်ကမ်း၌ ဆိုက်ကပ်ထားစဉ် ယမန်နေ့ညနေ ၅နာရီတွင် ပြင်းထန်သော ရေစီးကြောင်းကြောင့် နစ်မြုပ်ခဲ့ရသည်ဟု မြိတ်မြို့မှ လှေပိုင်ရှင်တဦးက ပြောကြားသည်။

ထိုသို့နစ်မြုပ်စဉ်တွင် သင်္ဘောပေါ်တွင် သင်ပေါင်း သစ်သားများ တင်ဆောင်ထားသည်ဟု သိရှိရသည်။ သင်ပေါင်းသစ်သားများမှာ ဒီရောက်တောများတွင် ပေါက်ရောက်လေ့ရှိသည့် သစ်များဖြစ်သည်ဟုလည်း သိရသည်။

ငွေပင်လယ် ရေထွက်ပစ္စည်းလုပ်ငန်း ကုမ္ပဏီ လီမိတက်မှာ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် ကုမ္ပဏီခွဲ တခုဖြစ်ပြီး ရန်ကုန်မြို့ ရွှေပြည်သာ တံတားအဆင်းတွင် ရေထွက်ပစ္စည်း စက်ရုံ၊ ရေခဲစက်ရုံနှင့် ရုံးခန်းဖွင့်လှစ်ထားရှိသည်ဟု သိရှိရသည်။

မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ကို ကာကွယ်ရေး ၀န်ကြီးဌါနမှ ဒုတိယ ဗိုလ်ချုပ်ကြီး တင်အေးက လက်ရှိအချိန်ထိ တာဝန်ယူ လုပ်ဆောင်လျက်ရှိသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts