>Bkk and Chiang Mai

>

ကမ္ဘာ့ ထိပ်တန်း အပန်းဖြေမြို့များတွင် ထိုင်းနိုင်ငံမှ မြို့ကြီးများ ပါဝင်
မိုးမခအထောက်တော် အမှတ် ၀၀၅
သြဂုတ် ၁၇၊ ၂၀၀၉

ယဉ်ကျေးမှု ပြပွဲတခုတွင် ရိုးရာဝတ်စုံတမျိုးဖြင့် တွေ့ရသော
ချင်းမိုင်မြို့ (ဇင်းမယ်မြို့)မှ အမျိုးသမီးတဦး [ photo: moemaka ]


ထိုင်းနိုင်ငံမှ မြို့ ကြီး၂မြို့ ဖြစ်သည့် ဘန်ကောက် နှင့် ချင်းမိုင် တို့သည် ယခုနှစ်၏ ကမ္ဘာ့အကောင်းဆုံး မြို့ကြီးများအဖြစ် မဲပေး ရွေးချယ်ခြင်း ခံရကြောင်း ယခုလထုတ် အပန်းဖြေ ခရီးသွားလာရေး Travel + Leisure မဂ္ဂဇင်းတွင် ဖော်ပြထားသည်။

Travel + Leisure မဂ္ဂဇင်း စာဖတ်သူများက ဘန်ကောက် နှင့် ချင်းမိုင် တို့ကို ကမ္ဘာ့ တတိယ နှင့် ပဉ္စမမြောက် အကောင်းဆုံးမြို့  များ အဖြစ် အသီးသီး ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။ အာရှတွင်လည်း ဒုတိယ နှင့် တတိယ အကောင်းဆုံးမြို့ကြီးများ ဖြစ်သည်ဟု ဆိုသညည်။

ထိုင်းနိုင်ငံရှိ ထင်ရှားသည့် ဖူးခက် နှင့် ကော်ဆမ်မူ (Phuket and Ko Samui) တို့ကိုလည်း အာရှ၏ တတိယ နှင့် ပဉ္စမမြောက် အကောင်းဆုံး အပန်းဖြေကျွန်းများ အဖြစ် မဲပေးထားကြသည်။

ကမ္ဘာ့ ထိပ်တန်း ဟိုတယ်ပေါင်း ၁၀၀ တွင် ၈ ခုမှ ထိုင်းနိုင်ငံတွင် ရှိနေသည်။
၎င်းတို့မှာ
Four Seasons Tented Camp (ချင်းရိုင်ဒေသ) နံပတ် ၇
Mandarin Oriental (ဘန်ကောက်ဒေသ) နံပတ် ၂၀
Anantara Golden Triangle (ချင်းရိုင်ဒေသ) နံပတ် ၅၃
တို့ ဖြစ်သည်။

Travel + Leisure မဂ္ဂဇင်း၏ ၁၄ ကြိမ်မြောက် နှစ်ပတ်လည် ကမ္ဘာ့အကောင်းဆုံး မြို့ ကြီးများ ၊ ဟိုတယ်များ ၊ အပန်းဖြေစခန်းများ ၊ အပျော်စီး ဇိမ်ခံသင်္ဘောများ နှင့် လေကြောင်းလိုင်းမျာကို ရွေးချယ်ခဲ့ကြသည်။ တနှစ်တာအတွင်း နိုင်ငံတကာသို့ သွားရောက်ခဲ့သည့် ၎င်းတို့၏ စာဖတ်သူများက မဲပေး ရွေးချယ် အကဲဖြတ်ကြခြင်း ဖြစ်သည်။

ယခုနှစ်တွင် ထိုင်းနိုင်သို့ အရှေ့  အလယ်ပိုင်းဒေသမှ ခရီးသွားများ ၀င်ရောက်မှုမှာ ယခင်နှစ်ကထက် ၁၈% တိုးတက် များပြားလာကြောင်း တွေ့ရသည်။

“UAE နိုင်ငံဟာ ထိုင်းနိုင်ငံ ရဲ့  အခိုင်အမာ ဈေးကွက်တခု ဖြစ်ပါတယ်။ ခရီးသွား ဧည့်သည်တွေဟာ ထိုင်းနိုင်ငံ ထိုင်းလူမျိုးတွေရဲ့  အထင်ကရ ဖြစ်တဲ့ ယဉ်ကျေး ဖော်ရွေမှုတွေကို လာရောက် ရှာဖွေကြသလိုပဲ ကျန်းမာရေးအတွက် ဆေးကုသဖို့လည်း ခရီး သွားလာမှုတွေ ရှိလာပါတယ်။ ခုနောက်ပိုင်းမှာ ဒါဟာ ပိုပြီးတော့ ထင်ရှားလာပြီး ဒေသခံ မိသားစုတွေကိုလည်း စိတ်ဝင်စား လာကြပါတယ်” ဟု Thailand (TAT) Dubai & Middle East ခရီးသွားလုပ်ငန်း ပြောရေးဆိုခွင့်ရှိသူ ဒါရိုက်တာ Pramoth Supyen က ပြောသည်။

“ကမ္ဘာနှင့်အ၀ှမ်း ခရီးသွား လုပ်ငန်းကြီးတွေ ဘယ်လိုပဲ လည်ပတ်နေပါစေ၊ UAE က ခရီးသွား တွေကတော့ မနှစ်ကထက် ၂၁.၉% တိုးတက်လာခဲ့တယ်” ဟု သူက ဆိုသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts