>Shwe Kyel Zin Cultural Show

>

ရွှေကြယ်စင်အိပ်မက်ပွဲတော်ကျင်းပ

မိုးမခအထောက်တော် ၀၀၈

သြဂုတ် ၉ ရက်၊ ၂၀၀၉

မြန်မာလူထုယဉ်ကျေးမှု အဆောက်အဦ (Community Center) တစ်ခု ဖြစ်ပေါ်လာနိုင်ရေးကို ရည်ရွယ်ပြီး မြန်မာလူငယ်များအစည်းအရုံး(BYA – Burmese Youth Association) ဦးစီး၍ ဆန်ဖရန်စစ်စကို ဘေးဧရိယာတ၀ိုက်ရှိ မြန်မာအသင်းများနှင့်ပူးပေါင်းကာ ‘ရွှေကြယ်စင်အိပ်မက်ပွဲတော်’ ရန်ပုံငွေပွဲကို သြဂုတ် ၉ ရက်၊ ၂၀၀၉ နေ့က ဆန်ဘရူးနိုမြို့ Capuchino အထက်တန်းကျောင်း၌ ကျင်းပခဲ့ပြီး ပရိသတ် ၅၀၀ ခန့် တက်ရောက်ကြသည်။

နံနက် ၁၀နာရီခွဲမှ နေ့ခင်း ၂ နာရီခွဲအထိ မြန်မာအစားအစာရောင်းပွဲ နှင့် ခေတ်ပေါ်တေးဂီတ ဖျော်ဖြေမှုကို ပြုလုပ်ခဲ့ပြီး ရွှေကြယ်စင်အိပ်မက်ပွဲတော်ကို နေ့လည် ၃ နာရီခန့်တွင် စတင်ခဲ့ပြီး ည ၈ နာရီတွင် ပြီးဆုံးခဲ့သည်။

ပွဲတော်တွင် ပရိသတ်အများ အထူးစိတ်ဝင်စားအားပေးကြသည့် ကြယ်စင်မြန်မာ မယ်ပြိုင်ပွဲ၌ ပြိုင်ပွဲဝင် ကိုးဦး ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ပထမဆု Miss ကြယ်စင်မြန်မာဆုကို ပြိုင်ပွဲဝင်နံပတ် ၂ ဖြစ်သူ စင်သီယာမျိုးလွင် (Cynthia Myo Lwin) က ရရှိခဲ့ပြီး Miss Popular ဆုကိုလည်း သူမကပင် ရရှိခဲ့သည်။

ပွဲတော်၌ အဆိုတော် မီမီဝင်းဖေ ဖျော်ဖြေမည့် အစီအစဉ်ပါဝင်ခဲ့သော်လည်း အရေးပေါ်မိသားစုကိစ္စကြောင့် လာရောက်နိုင်ခြင်းမရှိတော့၍ ပရိသတ်ကိုတောင်းပန်ကြောင်း မီမီဝင်းဖေသွင်းထားသည့် အသံဖိုင်ကို ဖွင့်ပြခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts