>Min Maw Kwun apologizes for the controversial photo

>

“သံဃာတော်တွေကို တောင်းပန်ပါတယ်”
ဓာတ်ပုံသတင်း
သြဂုတ် ၅၊ ၂၀၀၉
မင်းမော်ကွန်း (ဓာတ်ပုံ – အလင်္ကာ ဂီတဂျာနယ်)

သရုပ်ဆောင် အဆိုတော် မင်းမော်ကွန်းက အင်တာနက်တွင် ပျံ့နေသည့် သူနှင့် သူငယ်ချင်းများ၏ ဓာတ်ပုံမှာ ဘုန်းကြီးကျောင်းတခုတွင် သန့်ရှင်းရေး လုပ်စဉ်က အမှတ်တရ ရိုက်ကူးထားသော ပုံဖြစ်ကြောင်း ယမန်နေ့က အသံလွှင့်ဌာန တခုသို့ ပြောဆိုပြီး ထိုလုပ်ရပ်အတွက် ရဟန်းသံဃာများကို တောင်းပန်လိုက်သည်။

“သာသနာ ဆိုတာလည်း စော်ကားစရာ မရှိပါဘူး၊ သံဃာ ဆိုတာလည်း စော်ကားစရာ မရှိပါဘူး၊ ကျနော်တို့ ရင်ထဲမှာ အမြဲတမ်း ယုံကြည် ကိုးကွယ် ဆည်းကပ်ရမဲ့အရာပါပဲ။ ကျနော်တို့တွေမှာ တက်တူး (ဆေးမင်ကြောင်) ထိုးတယ် ဘာညာ ဆိုတာက ဒါက လူငယ်သဘာဝပါ၊ သားလည်း ရှင်ပြု ကျနော် ကိုယ်တိုင်လည်း ဝတ်ဆိုတော့ အဲလို ဝတ်တာပါ၊ နောက် ကျနော်တို့ ဘုန်းကြီးကျောင်းမှာ သန့်ရှင်းရေး လုပ်ကြရင်းနဲ့ အမှတ်တရ ရိုက်ထားခဲ့တဲ့ ဓာတ်ပုံလေးပါ၊ လွန်ခဲ့တဲ့ ၂ နှစ်ကျော်လောက် ကတည်းကပါ။ အဲဒီတော့ သူတို့ ပြောတယ် ဆိုလို့ရှိရင် နောက်ကို ဆင်ခြင်ဖို့ပဲ ရှိပါတယ် ခင်ဗျာ့။ တခြား ရည်ရွယ်ချက် ဘာမှ မရှိပါဘူးခင်ဗျာ့။ ကျနော်တို့ တကယ် လူငယ် သဘာဝ အမှတ်တရလေး လုပ်မိတဲ့ သဘောပါ၊ အဲဒီအတွက်ကိုလည်း ကျနော်က ဒီ သံဃာတော်တွေကို တောင်းပန်ပါတယ်” ဟု မင်းမော်ကွန်းက လွတ်လပ်သည့်အာရှအသံ (Radio Free Asia) သို့ ပြောကြားလိုက်သည်။

အင်တာနက်တွင် ပျံ့နှံ့နေသည့် အငြင်းပွားဖွယ်ရာ ဓာတ်ပုံ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts