>
ဘ၀နေကြာပန်းများ
တင်ကိုမင်းညို
သြဂုတ် ၆၊ ၂၀၀၉
ကြောက်မက်ဖွယ် အထီးကျန်ဆန်မှုများ
သွေးပျက်ကျွမ်းလောင် ဘ၀နိဂုံး
ပါရီမှာ
အားလ်မှာ
စိန့်ရီမီမှာ
… … … မှာ။
ဘုရားသခင်တောင် မနေနိုင်တဲ့
ဘယ်လ်ဂျီယံ မြေအောက်ကျောက်မီးသွေးတွင်းထဲ
မဲကြုတ်နေတဲ့ ပေါင်မုန့်တလျှက်ကို
ကော်ဖီကြမ်းကြမ်း တခွက်နဲ့
အသက်ဆက် ဖြတ်သန်းခဲ့ဖူးပါစ
အာလူးစားတဲ့ လက်ကြမ်းကြီးတွေထဲမှာ
သူ့နားရွက်တဖက်ကို ရွက်လွှင့်ဖို့ ဖြတ်တောက်ပေးခဲ့တယ်။
ဂျုံခင်းထဲမှာ ကျီးကန်းတွေပျံသန်းနေတယ်
အဲဒီလူ
ခေါင်းနီ … အရူး … ခေါင်းနီ
နေကြာပန်းတွေကိုယ်စား သူ့နှလုံးသွေးနဲ့ ငိုကြွေးတယ်၊
အိုင်းရစ်ပန်းတွေဟာ
သူ့ခေတ်
သူ့ဘ၀ရဲ့ … ပြဌာန်းချက်တွေအတိုင်း
မီးညွှန့်မီးလျှံတွေအဖြစ် တောက်လောင်ရှင်သန်တယ်။
“သူတို့က ဖေ့ဖေ့ခေါင်းကိုပဲ ဖြတ်ယူချင်နေကြတာ”
ဆရာမြို့မငြိမ်း ရဲ့ ဦးခေါင်းဟာ
အုတ်ချပ်တွေသယ်ဆောင်လာတဲ့ ထရပ်ကားဘီးကြီးအောက်မှာ …။
အဲဒီ မြစ်တွေပေါ့
ကမ္ဘာလောကကြီးကို ရူးသွပ်သွားအောင်ချစ်ခဲ့ပြီး
ကမ္ဘာလောကကြီးအတွက် အကြွင်းမဲ့ပေးဆပ် စီးဆင်းခဲ့ကြတာ
အဆုံးအစမရှိတဲ့ မဟာသမုဒ္ဒရာ ပင်လယ်ဆီ ….။
၂၈၊၀၇၊၂၀၀၉
ဝန်ခံချက်- http://www.youtube.com/watch?