>Burmese in Fort Wayne marked Burma’s Martyrs’ Day

>

ဖို့ဝိန်း ဇေတ၀န်ကျောင်းတွင် မြန်မာပြည်အာဇာနည်နေ့ အထိမ်းအမှတ် ဆွမ်းကျွေး

မိုးမခ ရွာဆော်ကြီး

ဇူလိုင် ၂၀၊ ၂၀၀၉

ပြည်ပရောက် မြန်မာများသည် ၎င်းတို့နေထိုင်ရာ မြို့ရွာ ဘုန်းတော်ကြီးကျောင်းများတွင် ၆၂ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဆွမ်းကျွေးခြင်း၊ အထိမ်းအမှတ် အခမ်းအနားများ ပြုလုပ်ကြရာ လွန်ခဲ့သည့် ရက်သတ္တပတ်က ဖို့ဝိန်းမြို့ ဇေတ၀န်ဘုန်းတော်ကြီးကျောင်းတွင်လည်း ဆွမ်းကျွေးအလှူပြုလုပ်ကြကြောင်း သိရှိရသည်။

ထိုနေ့က မှတ်မှတ်ရရ – ဖို့ဝိန်းရောက် မြန်မာမိသားစုအသိုင်းအ၀ိုင်းအတွက် လိုအပ်ချက်တခုဖြစ်သည့် “နာရေး ကူညီမှု” အသင်းတခုကိုလည်း မြန်မာမိသားစုများ ၀ိုင်းဝန်းတိုင်ပင်ပြီး ဖွဲ့စည်းဖြစ်ကြောင်း၊ အမေရိကန်ပြည်ထောင်စုသို့ ရွေ့ပြောင်းအခြေစိုက်ရာ ဒေသတခုအဖြစ် ထင်ရှားသော အင်ဒီယာနာပြည်နယ်၊ ဖို့ဝိန်းမြို့တွင် မြန်မာတိုင်းရင်းသားမိသားစုများ တဖြေးဖြေး တိုးပွား စည်ပင်လျက်ရှိရာ အခြေအနေအရ လိုအပ်ချက်တခုအဖြစ် နာရေးကိစ္စများအတွက် သိသင့် သိထိုက်သည်များ၊ လုပ်သင့်လုပ်ထိုက်သည်များ၊ စာရွက်စာတမ်းလုပ်ကိုင်စရာများအတွက် ၀ိုင်းဝန်းဆောင်ရွက်နိုင်ကြရန် မြန်မာမိသားစုများဖြင့် စတင်ဖွဲ့စည်းကြခြင်း ဖြစ်သည်ဟု သိရှိရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts