>Irrawaddy closes office due to Swine Flu

>

ဧရာဝတီမဂ္ဂဇင်းတိုက်တွင် ၀န်ထမ်းတဦး ၀က်တုပ်ကွေးရှိသဖြင့် ဆေးရုံတင်ထားရ
ဓာတ်ပုံသတင်း
ဇူလိုင် ၂၀၊ ၂၀၀၉

ဝက်တုပ်ကွေး ဟု ထင်ရှားသည့် H1N1 တုပ်ကွေးရောဂါ ကူးစက်မည်ကို စိုးရိမ်သဖြင့် မျက်နှာဖုံးတပ်ထားသော ထိုင်းနိုင်ငံ နိုင်ငံခြားရေးဌာနမှ ၀န်ထမ်းတဦး (ဓာတ်ပုံ-မိုးမခ)

ဧရာဝတီမဂ္ဂဇင်းတိုက်၊ ဈေးကွက်ဌာနမှ ထိုင်းလူမျိုး ၀န်ထမ်းတဦးတွင် ၀က်တုပ်ကွေး ရောဂါပိုး ရှိနေသဖြင့် ဆေးရုံတင်ထားရသည်ဟု သိရသည်။ ဧရာဝတီ သတင်းထောက်များ နှင့် ၀န်ထမ်းများ ရောဂါပိုး ကူးစက်မည်ကို စိုးရိမ်သဖြင့် ဧရာဝတီရုံးကို ပိတ်ထားသည်ဟု သိရသည်။ ရုံးပိတ်ထားသော်လည်း သတင်း လုပ်ငန်းများကို နေအိမ်မှ အင်တာနက်သုံးပြီး လုပ်ကိုင်ကြမည်ဟု သိရသည်။

ဧရာဝတီရုံး အခြေစိုက်ရာ ထိုင်းနိုင်ငံတွင် H1N1 တုပ်ကွေးရောဂါပိုး ကူးစက်သူ ၄၀၀၀ ကျော် ရှိနေကြောင်း ပြီးခဲ့သည့်အပတ်က ထုတ်ဝေသည့် ထိုင်းနိုင်ငံ ကျန်းမာရေးဌာန၏ ကြေညာချက်အရ သိရသည်။ ၂၆ ဦး သေဆုံးပြီးဖြစ်ကြောင်း၊ ဆေးရုံတွင် စိုးရိမ်ရသည့် တုပ်ကွေးဝေဒနာသည် ၁၀ ဦးခန့် ရှိကြောင်း၊ တုပ်ကွေးရောဂါပိုး ကူးစက်သူများအနက် ၃၀၀၀ ကျော်မှာ သက်သာ ကျန်းမာသွားပြီ ဖြစ်ကြောင်း သိရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts