>K-Cash – Life Sentence on an island with hard labor , RAP Song released for overseas Burmeses

>

ပြည်ပရောက် မြန်မာတွေရဲ့ အလုပ်ကြမ်းနဲ့ တသက်တကျွန်း (ရက်ပ်သီချင်း) ဖြန့်ချိ

မိုးမခအသံ အစီအစဉ်

ဇူလိုင် ၂၀၊ ၂၀၀၉

ယမန်နေ့က ကျရောက်တဲ့ ဇူလိုင် ၁၉ ရက်နေ့၊ ၆၂ နှစ်မြောက် အာဇာနည်နေ့မှာ မြန်မာရက်ပ်သီချင်း သီဆိုသူ ကေ – ကက်ရှ် ( Killa Cash) က ပြည်ပရောက် မြန်မာတွေအတွက် ရက်ပ်သီချင်းတပုဒ်ကို ဖြန့်ချိလိုက်ပါတယ်။ “အလုပ်ကြမ်းနဲ့ တသက်တကျွန်း” ပါတဲ့။

နားထောင်ဖို့အတွက် သည်နေရာကို နှိပ်ပါ။

ကေ – ကက်ရှ်ကို စွယ်စုံရ အနုပညာရှင်၊ မြန်မာပြည်ရဲ့ အမျိုးသားရေးအတွက် ဆောင်ရွက်သူ၊ ယခု မြစ်ကြီးနားအကျဉ်းထောင်မှာ မတရားထောင်ဒဏ်များ ကျခံနေရတဲ့ လူရွှင်တော် (ကို) ဇာဂနာရဲ့ သား မြတ်ကောင်းအဖြစ်လည်း မိတ်ဆွေမိသားစု အသိုင်းအ၀ိုင်းမှာ သိကြပါတယ်။ မြန်မာပြည်တွင်းမှာ သူတို့သူငယ်ချင်းတွေ ၀ိုင်းဝန်းစီစဉ် ထုတ်လုပ်ခဲ့ကြတဲ့ သီချင်းစီဒီဖြစ်တဲ့ “ရန်ကုန်မြို့က ကြိုဆိုပါသည်” က ထင်ရှားပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts