>NLD marked 62nd Anniversary of Burma’s Martyrs’ Day

>

အင်န်အယ်ဒီပါတီဌာနချုပ်တွင် ၆၂ နှစ်မြောက် အာဇာနည်နေ့ကျင်းပ၊ ကြေငြာချက်တခု ထုတ်ပြန်

မိုးမခ ဓာတ်ပုံသတင်း

ဇူလိုင် ၂၀၊ ၂၀၀၉


ယမန်နေ့က အင်န်အယ်ဒီပါတီဌာနချုပ်တွင် ၆၂ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ပါတီဝင်များ၊ အတိုက်အခံနိုင်ငံရေး အင်အားစုများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ နိုင်ငံရေးအကျဉ်းသားတို့၏ မိသားစုများဖြင့် တစုတဝေး ကျင်းပနိုင်ခဲ့သည်။ ဖိတ်ကြားထားသော သံတမန်အသိုင်းအ၀ိုင်းကလည်း တက်ရောက်ကြသည်ကို တွေ့ရသည်။

ရန်ကုန်မြို့အတွင်း အာဇာနည်နေ့ အခမ်းအနားများပြုလုပ်ရာတွင် စစ်အစိုးရ၏ အရပ်ဝတ်အကြမ်းဖက်သမားများက စောင့်ကြည့်နေကြပြီး၊ အချို့နေရာများတွင် အဖမ်းအဆီးများ ရှိခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။ ရွှေဂုံတိုင် ပါတီရုံးက ပြန်လာသူ ပါတီဝင်အချို့ကမူ ၎င်းတို့ မကြားသိလိုက်ရကြောင်း၊ သတင်းပြတ်တောက်မှုများ ရှိ၍ ဖြစ်နိုင်ကြောင်း၊ သို့မဟုတ် အာဇာနည်ဗိမာန် အပြန်လမ်းတွင် ခေတ္တဖမ်းဆီးထိမ်းသိမ်း ခြိန်းခြောက်ပြီး ပြန်လွှတ်ပေးလိုက်သည့် အဖြစ်လည်း ဖြစ်နိုင်ကြောင်း ပြောဆိုသည်။ အင်န်အယ်ဒီပြန်ကြားရေးက ပြောဆိုရာတွင် အာဇာနည်နေ့ အလေးပြုသူအချို့ကို လူခွဲပြီး ဖမ်းဆီးပြီး ပြန်လည် လွှတ်ပေးလိုက်သည်ဟု ဆိုကြောင်း သိရှိရသည်။

ကြေငြာချက် ၂၀၊ ၀၇၊ ၀၉ ကို ထုတ်ပြန်ရာတွင် တိုင်းပြည်၏ လွတ်လပ်ရေးဖခင်၊ ပိသုကာတဦးဖြစ်သော ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းစဉ်များဖြစ်သည့် ပြည်သူလူထုထံမှ စီးဆင်းသည့် ဒီမိုကရေစီ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်သူ့တပ်မတော်နှင့် အားလုံးညီညွတ်ရေးတို့ကိုသာ စွဲကိုင်ကြရန် တိုက်တွန်းထားပြီး ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ရန်၊ ၁၉၉၀ ရွေးကောက်ပွဲရလဒ် ပြည်သူလွှတ်တော်ဖြင့် ထိုအခြေခံဥပဒေကို ဆွေးနွေး အတည်ပြုနိုင်ရန်၊ ၉၀ ပြည်သူ့လွှတ်တော်၏ ဆုံးဖြတ်ချက်တို့ဖြင့် အနာဂတ်တိုင်းပြည်ကို ထူထောင်ရန် တိုက်တွန်းထားသည်။ ဒီနေရာမှ ဖတ်နိုင်ပါပြီ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts