>yadana bon goes online

>

ရတနာပုံကလပ် အွန်လိုင်းပေါ်ရောက်
မိုးမခအထောက်တော် ၀၀၄
ဇူလိုင် ၁၁၊ ၂၀၀၉
အသစ်စက်စက် မြန်မာ့ကြေးစားဘောလုံးလောကတွင် ပထမဦးဆုံး ဗိုလ်စွဲခဲ့သည့် ရတနာပုံ FC အသင်း၏ ကိုယ်ပိုင် အင်တာနက် ၀က်ဆိုက် ကြာသပတေးနေ့တွင် ထွက်ပေါ်လာသည်။

ဝက်ဆိုက် လိပ်စာကို www.yadanarbonfc.com ဟု အမည်ပေးထားသည်။

ကိုယ်ပိုင် ၀က်ဆိုက် ရှိထားသည့်အတွက် အသင်း ထင်ရှားရေး၊ ပရိသတ်နှင့် ပိုမို ထိတွေ့ခွင့်ရရေး အတွက် ခေတ်သစ်နည်းပညာကို အသုံးပြုပြီး ဆောင်ရွက်နိုင်ပြီဖြစ်သည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ရတနာပုံ FC သည် ရန်ကုန်၊ မန္တလေး နှင့် အခြားမြို့နယ်များတွင် ကားများဖြင့် လှည့်လည် အောင်ပွဲခံခဲ့ကြသည်။

ယနေ့အချိန်အထိ ကြေးစားဘောလုံး ကလပ် ၈ ခု ပေါ်ပေါက်ခဲ့ပြီး ဖြစ်သည်။ ကလပ်အသင်း ၃ ခုသာ ကိုယ်ပိုင် ၀က်ဆိုက် ရှိထားကြသည်။ အသင်း ၈ ခု စလုံးတွင် ပါဝင်သည့် ကစားသမားများ နှင့် ၀င်ငွေ၊ နည်းပြများ၊ ကလပ် ပိုင်ရှင် စသည့် အသေးစိတ် အချက်အလက်များကို www.myanmarnationalleague.com တွင် တွေ့နိုင်သည်။ သို့သော်လည်း နိုင်ငံခြားသား ဘောလုံးသမားများ၏ အမည်များကို တွေ့ရမည် မဟုတ်ပေ။

ရန်ကုန် ယူနိုက်တက် FC အသင်း၏ http://ygnutd.com နှင့် ကမ္ဘောဇ FC အသင်း၏ http://www.kbzfc.com တို့ ရှိထားနှင့်ပြီး ဖြစ်သည်။

ပရော်ဖက်ရှင်နယ် (Professional) သို့မဟုတ် ပရို (Pro) သို့မဟုတ် ကြေးစား ဘောလုံးလောက ပေါ်ပေါက်လာခြင်းကို ကြိုဆိုသူများ ရှိသကဲ့သို့ စိုးရိမ်သူများလည်း ရှိနေသည်။ ဘောလုံးပွဲများ ကမန်းကတန်း ကျင်းပနေခြင်း၏ နောက်ကွယ်တွင် စစ်အစိုးရ၏ လှည့်ကွက်များ ရှိမည်ကို စိုးရိမ်သူများလည်း ရှိသည်။ အချို့ကလည်း ဘောလုံးပွဲများ ရေရှည် ကျင်းပနိုင်ပါမည်လောဟု သံသယဖြစ်၊ စိုးရိမ်ကြသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts