>Gmail & GTalk – Not any more in Burma

>

ဂျီမေးလ်နဲ့ ဂျီတော့ခ်များ သုံးစွဲရခက်ခဲနေ

တင့်လွင်၊ ရန်ကုန်

ဇူလိုင် ၉၊ ၂၀၀၉

လွန်ခဲ့သည့် သီတင်းပတ်ကုန်မှ စတင်ပြီး ဂျီမေးလ် နှင့် ဂျီတော့ခ် သုံးစွဲသူများ အဆိုပါဝက်ဆိုက် လိပ်စာသို့ လွယ်ကူစွာ ၀င်ရောက်နိုင်ခြင်းမရှိပဲ ပရောက်စီ Proxy ၀က်ဆိုက်များ မှတဆင့် ၀င်ရောက်နေကြရသည်ဟု အင်တာနက် သုံးစွဲသူများက ပြောဆိုသည်။ ဥပမာအားဖြင့် ဂျီမေးလ်သုံးစွဲလိုပါက ပရောက်စီလိပ်စာများ ဖြစ်သည့် https://www.vtunnel.com, https://www.ztunnel.com စသည်တို့ မှတဆင့်ဝင်ရောက် အသုံးပြုနေကြရသည်ဟု အင်တာနက် ဆိုင်ဝန်ထမ်းများ ပြောဆိုသည်။

အချို့သော သုံးစွဲသူများမှာမူ ဂျီလိုက် Glite ကဲ့သို့သော တဆင့်ခံ ၀က်ဆိုက်မှ သုံးစွဲနေကြပြီး၊ ကွန်ပျူတာကျွမ်းကျင်သူများကမူ တတ်နိုင်သရွေ့ ဂျီလိုက်သုံးစွဲမှုကို ရှောင်ရှားရန် အကြံပြုကြသည်။

ဂျီလိုက်ကို သုံးစွဲခြင်းဖြင့် မိမိ၏ လိပ်စာနှင့် ၀ှက်စာကို အဆိုပါ ဆာဗာတွင် ကျန်ရစ်စေနိုင်သည့် အန္တရာယ် ရှိခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။ အင်တာနက် သုံးစွဲသူ တဦးနှင့် တဦးဖုန်းဆက်ကာ ဂျီမေးလ်ကို မည်သည့်လိပ်စာသုံးပြီး ဖွင့်ရမလဲဆိုသည့် မေးမြန်းမှုများ ယခုရက်ပိုင်းအတွင်း

ရန်ကုန်မြို့တွင် ကျယ်ကျယ်ပြန့်ပြန့် ကြားသိနေရသည်။

ဂျီတော့ခ် သုံးစွဲလိုပါက http://izuz.net ၀က်ဆိုက်မှ တဆင့်

အသုံးပြုကြရပြီး ထိုသို့ တဆင့်ခံ ၀က်ဆိုက်မှ သုံးစွဲရသည့် အတွက် ဂူးဂဲလ်၏ လုပ်ဆောင်ချက် များကိုပြည့်ပြည့်စုံစုံ မသုံးစွဲနိုင်ဟု သိရှိရသည်။ ဥပမာအားဖြင့် ဂျီမေးလ်ကို html view အဖြစ်သာသုံး

စွဲနိုင်ပြီး၊ တဆင့်ခံ ၀က်ဆိုက်မှ တဆင့် ဂျီတော့ခ် သုံးစွဲသည့်အခါတွင်လည်း ပုံမှန်ဂျီတော့ခ် မှ မက်ဆေ့ခ်ျ စာတမ်းများ၊ မေးလ်စစ်သည့် လုပ်ဆောင်ချက်များကို အသုံးမပြုနိုင်ဟု သိရှိရသည်။

နအဖ စစ်အစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် အသုံးများဆုံး ဖြစ်သည့်

ဂူးဂဲလ်မေးလ်နှင့် ဂျီတော့ခ်ကို ပိတ်ဆို့ရန် ကြိုးစားလျက်ရှိသည်မှာ ကာလ

အတန်ကြာကတည်းက ဖြစ်ပြီး၊ ယခုတကြိမ် ပိတ်ဆို့မှုမှာ အတော်အတန် ထိရောက်မှု ရှိသည်ဟု သုံးစွဲသူများက ဝေဘန် ပြောဆိုသည်ကို သိရှိရသည်။

ယခင်က ဂျီမေးလ်ကို အက်စ်အက်စ်အယ် ကွန်နက်ရှင်း (SSL connection https://) ဖြင့် ၀င်ရောက်နိုင်ခဲ့ကြသည်။ ယခုကဲ့သို့သော ပိတ်ဆို့မှုကို ကျော်ဖြတ်ရန်အတွက် အချို့သော အင်တာနက်ဆိုင်များက Your Freedom Ultra Surf အစရှိသည့် ဆော့ဝဲများကို သုံးစွဲကာ ကျော်လွှားနိုင်သည်ဟု လည်းသိရသည်။

ယခုလို ဂျီတော့ခ်နှင့် ဂျီမေးလ် အသုံးပြုရန် ခက်ခဲသွားခြင်းကြောင့်

အင်တာနက်ဆိုင်များအတွက် ၀င်ငွေကျဆင်းသည့် အကျိုးဆက်များနှင့် ကြုံတွေ့ရနိုင်သည်ဟု ဆိုင်ဖွင့်လှစ်ထားသူများက မှန်းဆကြသည်။ မြန်မာနိုင်ငံတွင် အင်တာနက် ဆက်သွယ်မှု ထွန်းကားလာပြီးနောက် စစ်အစိုးရ၏ သတင်းမှောင်ချမှုကို အံတုပြီး သတင်းအချက်အလက်၊ ဓါတ်ပုံ၊ ဗီဒီယို သတင်းများ ပြင်ပကမ္ဘာသို့ ရောက်ရှိအောင် ပေးပို့လျက်ရှိရာ ၂၀၀၇ ခုနှစ် စက်တင်ဘာလ

ရွှေဝါရောင် တော်လှန်ရေးသည့် ထင်ရှားသည့် သာဓက တခုဖြစ်ခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts