>Landslide caused by rain kills 30 in Kachin State

>

ကျောက်စိမ်းဒေသတွင် မိုးဆက်တိုက်ရွာပြီး ရေကြီးမှုကြောင့် ၃၀ ၀န်းကျင် သေဆုံး
Reuters သတင်းဌာန
ဇူလိုင် ၈၊ ၂၀၀၉

ဖားကန့်မြို့ ကျောက်စိမ်းတူးဖော်ရေးဒေသတခု (photo: M Thant for MoeMaKa)


ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကချင်ပြည်နယ် ကျောက်စိမ်းထွက်ရာ ဒေသတွင် ရေကြီးမှုများကြောင့် လူ ၃၀ ၀န်းကျင် သေဆုံးသွားကြောင်း ထိုဒေသနှင့် အဆက်အသွယ်ရှိသူများက ယနေ့ ပြောကြားသည်။

ဖားကန့်မြို့နယ်၊ လုံးခင်း ဒေသတွင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

“ခုချိန်အထိတော့ လူ ၃၀ လောက် သေတယ်လို့ ကြားတယ်။ သူတို့နေတဲ့ တဲတွေက ကျောက်ကျင်းတွေနားမှာ ဆောက်ထားတာလေ။ ရေကြီးတော့ ပါသွားတယ်။ မိုးက ၄ ရက်နေ့ကတည်းက ရွာနေတာ” ဟု ရန်ကုန်အခြေစိုက် ကျောက်ကုန်သည်တဥိးက ပြောသည်။

မြစ်ကြီးနား အခြေစိုက် အရာရှိတဦးကလည်း အဆိုပါ သတင်းကို အတည်ပြုသည်။

“မြေပြိုတယ်လို့ ကြားတယ်။ စနေနေ့မှာ စပြိုတယ်လို့ သိရတယ်။ မိုးက လေးရက်လောက် အဆက်မပြတ် ရွာတယ်” ဟု အဆိုပါ အမည်မဖော်လိုသူ အရာရှိက ဆိုသည်။

“လုံးခင်း နဲ့ ဖားကန့် လမ်းလည်း ပိတ်နေတယ်” ဟု ဆိုသည်။

မိုးရာသီရောက်တိုင်း ပတ္တမြား နှင့် ကျောက်စိမ်း ထွက်ရှိရာ ရတနာမြေများတွင် ထိုသို့သော ဘေးအန္တရာယ်များ ကျရောက်လေ့ရှိသည်။

လွန်ခဲ့သောနှစ် ဇွန် နှင့် ဇူလိုင်လတို့တွင်လည်း ရေကြီးမှုများကြောင့် သေဆုံးသူ အနည်းဆုံး ၂၀ ရှိခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts