>SPDC says no information on tracked NKorean ship

>

မြောက်ကိုရီးယားသင်္ဘောသတင်း စစ်အစိုးရ ငြင်းပယ်
AFP သတင်းဌာန
ဇွန် ၂၄၊ ၂၀၀၉ နိုင်ငံတကာဆိပ်ကမ်းတခုဖြစ်သော သီလ၀ါ ဆိပ်ကမ်း၏ ယနေ့မြင်ကွင်း။ (AP Photo/Khin Maung Win)

မြောက်ကိုရီးယား ဆန်တင် သင်္ဘောတစီး မြန်မာပြည်သို့ရောက်လာမည်ဟု စစ်အစိုးရ သတင်းဌာနက ယနေ့ ထုတ်လွှင့်လိုက်သော်လည်း အမေရိကန်ရေတပ်က နောက်ယောင်ခံလိုက်နေသည့် သင်္ဘောနှင့်ပတ်သက်ပြီး ထည့်သွင်း ဖော်ပြခြင်း မရှိပေ။

မြောက်ကိုရီးယားမှ ကန်နမ် အမှတ် ၁ အမည်ရှိ သင်္ဘော မြန်မာပြည်သို့ ဦးတည်သွားနေသည်ဟုယူဆရကြောင်း အမေရိကန်တို့က ပြောကြားပြီးနောက် စစ်အစိုးရ သတင်းဌာနက ထိုသို့ ထုတ်လွှင့်လိုက်ခြင်း ဖြစ်သည်။

နျူကလီးယားလက်နက် စမ်းသပ်သည့် မြောက်ကိုရီးယားကို အပြစ်ပေးသည့် အနေဖြင့် ချမှတ်ထားသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များရှိရာ၊ ဤသင်္ဘောသည် အဆိုပါ ဆုံးဖြတ်ချက်များအရ ပထမဆုံးအကြိမ် စောင့်ကြည့်ခံနေရခြင်း ဖြစ်သည်။

မြန်မာအစိုးရ သတင်းဌာနကမူ ယခုတပတ်အကုန်တွင် မြောက်ကိုရီးယား သင်္ဘောတစီး ဆန်တန်ချိန် ထောင်ပေါင်းများစွာ သယ်ဆောင်ရန် ရောက်လာမည်ဟု ဆိုသည်။

မြောက်ကိုရီးယားမှ MV Dumangang အမည်ရှိ ကုန်တင်သင်္ဘောသည် မြန်မာနိုင်ငံသို့ ဇွန်လ ၂၇ ရက်နေ့ခန့်တွင် ဆိုက်ရောက်မည်ဖြစ်သည်၊ ဆန် တန်ချိန် ၈၀၀၀ သယ်ဆောင်ရန် အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့မှ လာမည်ဟု မြန်မာအစိုးရ သတင်းဌာနက ပြောသည်။

မြောက်ကိုရီးယားမှ ကန်နမ် အမှတ် ၁ အမည်ရှိ သင်္ဘောသည် ဇွန်လ ၁၇ ရက်နေ့မှ စပြီး မြန်မာပြည်သို့ ဦးတည်နေသည်ဟူသော သတင်းများ ပေါ်ထွက်နေသည်ဟု အစိုးရ သတင်းဌာနက ဆိုသည်။

ကန်နမ် သင်္ဘောနှင့် ပတ်သက်ပြီး မည်သည့်သတင်းမျှ မသိရှိရပါဟု ဆိုသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts