Uncategorized

Kyaw Home – Overseas News,

ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်း (ဆီယက်တဲလ်) ၏ ဒုတိယစာသင်နှစ် အခြေခံမြန်မာစာနှင့် ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲ
ကျော်ဟုန်း 
ဇူလိုင် ၅၊ ၂၀၁၃

ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်း(ဆီယက်တဲလ်)ရဲ့  အခြေခံမြန်မာစာနဲ့  ယဉ်ကျေးလိမ္မာသင်တန်း  ဒုတိယ – စာသင်နှစ်သင်တန်းဖွင့်ပွဲကို (ဂျူလိုင် ၁၊ ၂၀၁၃) နေ့ က 24625 , 10th Ave SE, Kant, WA 98030 မှာတည်ရှိတဲ့ တိပိဋကဘုန်းကြီးကျောင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

 

ပည်ပရောက်မြန်မာတိုင်းရင်းသားကလေးငယ်များအတွက် အခြေခံမြန်မာစာနဲ့ ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲကိုအင်္ဂလန်နိုင်ငံမှာ သီတင်း သုံးနေထိုင်လျှက်ရှိတဲ့ ဘဒ္ဒ န္တ ဂန္ဓမာလာလင်္ကာရ ဆရာတော်ကြီးလဲ  ကြွရောက် ချီးမြှင့်သြဝါဒပေးခဲ့ပါတယ်။ဆရာတော်ကြီးက “ဘယ်မှာနေနေ မိမိတို့ အမျိုးဂုဏ်၊ဇာတိဂုဏ်တို့ ကို ထိန်းသိမ်းရန်လိုအပ်ကြောင်း။  အမျိုးနဲ့ ဇာတိဂုဏ်မပျောက်ဖို့ အတွက်  မိမိတို့ စာပေ၊ သာသနာနဲ့  ယဉ်ကျေးမှုအမွေများကို မိမိတို့ ရဲ့ကလေးငယ်များကို ငယ်စဉ်ကတည်းက ပုံသွင်းဆုံးမရန်အရေးကြီးကြောင်း။ ပြည်ပမှာ ဘုန်းကြီးကျောင်းများတည်ထောင်ရခြင်းမှာ သာသနာထွန်းကားဖို့ အပြင် Community အစုအဖွဲ့ လုပ်နိုင်ရန်၊ အချင်းချင်း  ယိုင်းပင်းကူညီနိုင် ရန်၊ ရည်ရွယ်ရင်းဖြစ်ကြောင်း။   မိမိတို့ ကလေးငယ်များအတွက် မိခင်ဘာသာစကား တတ်ကျွမ်းရန်  အရေးကြီးကြောင်း၊  မိဘများကလဲ  စေတနာနဲ့  သင်ကြားပေးသူများကို ဝိုင်းဝန်းကူညီဖို့ အထူးလိုကြောင်း”  မိန့် ကြားခဲ့ပါ တယ်။

 

ဒါ့အပြင် ဆရာတော် အင်္ဂလန်မှာသီတင်းသုံးစဉ်က ကြုံတွေ့ရတဲ့ ထိုင်း၊ သီရိလင်္ကာ လူမျိုးတွေရဲ့ လူမျိုးရေးနဲ့ ဘာသာရေး အမျှော်အမြင်ရှိ ပုံများကိုလဲ  အတုယူစရာ ဗဟုသုတအနေနဲ့  မိန့် ကြားခဲ့ပါသေးတယ်။  “ထိုင်းနဲ့ သီရိလင်္ကာဘုန်းကြီးကျောင်းတွေမှာ မိမိတို့ ရဲ့ကလေးများကို မိမိတို့  ဘာသာစာပေများကို နေ့ စဉ် စနစ်တကျသင်ပေးကြောင်း၊ မိဘများကလဲ မိမိတို့ ကလေးများကို အလုပ်များမအားလပ်တဲ့ကြားက လာရောက်ပို့ ဆောင်ပေးကြောင်း၊ သီရိလင်္ကာလူမျိုးတွေဟာ သူတို့ တိုင်းပြည်မှာ ခေတ်ပညာအပြင် ဘာသာရေးအောင်လက်မှတ်ပါရှိသူကို  အစိုးရဌာနများက ဦးစားပေးခန့် အပ်တဲ့ မူရှိကြောင်း”  အင်္ဂလန်နေ ထိုင်း၊ သီရိလင်္ကာတို့ အကြောင်းပါထည့်သွင်းမိန့် ကြားသွားပြီး ပြည်ပရောက်မြန်မာတို့ မှာ မိမိတို့ စာပေ၊ ဘာသာ မပျောက်အောင် ထိန်းသိမ်းလုပ်ဆောင်မှု လွန်စွာအားနည်းနေသေးကြောင်း သတိပေးမိန့် ကြားခဲ့ပါတယ်။

ကရင်စာပေနဲ့ ယဉ်ကျေးမှုအသင်း ဒု-ဥက္ကဌဖြစ်သူ ဦးမောင်မောင်၊ ဒေါ်စိန်မြနဲ့  ကိုထွန်းမြင့်တို့ မှ အသင်းကိုယ်စားတရားနာရေစက်ချအပြီးမှာ သံဃာတော်များဖြစ်ကြတဲ့ အရှင်ဘဒ္ဒ န္တဂန္ဓမာလာလင်္ကာရ(နဝမမြောက်တိပိဋကဓရ)၊စာချဆရာတော် အရှင်အဂ္ဂဝံသ (တိပိဋက ဓမ္မနာဒ ပရိယတ္တိစာသင်တိုက်-မင်ကွန်း) နဲ့  အရှင် နန္ဒသာရ(တိပိဋက ကျောင်း)   ဆရာတော် (၃)ပါးကို တိုင်းရင်းသားကလေးငယ်များက  နဝကမ္မအလှူငွေများ ဆပ်ကပ်လှူဒါန်းခဲ့ကာ တရားပွဲကို ရုတ်သိမ်းခဲ့ပါတယ်။
ဒီ ဒုတိယစာသင်နှစ် သင်တန်းဖွင့်ပွဲမှာ  ကရင်စာပေနှင့်ယဉ်ကျေးမှု(ဆီယက်တဲလ်)အသင်းက  ဘုရားအမှူးပြုပြီးသံဃာတော်(၃)ပါးအား ဒံပေါက်ထမင်းဆွမ်းကပ်လှူပြီး ဧည့်ပိရိသတ်များကိုလဲ တည်ခင်းဧည့်ခံကျွေးမွေးပါတယ်။

တိပိဋကကျောင်း အကျိုးတော်ဆောင်များနဲ့ ဓမ္မမိတ်ဆွေတို့ မှလဲ  မြန်မာထမင်း ဟင်း၊ သစ်သီးစုံ၊ မုံ့ မျိုးစုံ၊အဖျော်  ရည်များနဲ့  စုပေါင်းပါဝင် ဒါနပြုခဲ့ကြပါတယ်။
  

ဒါအပြင်  စာသင်သား တိုင်ရင်းသားကလေးငယ်များကို ကျောင်းတိုင်ဆရာတော် အရှင်နန္ဒသာရမှ တီရှပ်များစွန့် ကျဲ ပြီး မခင်သန္တာနုကလဲ အရုပ်များလက်ဆောင်ပေးခဲ့ပါသေးတယ်။ ဒံပေါက်ထမင်းအလှူမှာ ကိုအောင်ကျော်နိုင်မိသားစုမှ ဒေါ်လာ(၁၀၀) ထည့်ဝင်ဒါနပြုခဲ့ပါတယ်။ ယဉ်ကျေးမှုသင်တန်းထောက်ကူပစ္စည်းအတွက် ဦးနန္ဒသာရမှဒေါ်လာ(၁၀၀)၊ ကိုအောင်မိုးမှ TV ကို ပါဝင်လှူဒါန်းခဲ့ကြောင်းသိရပါတယ်။

အသင်းရဲ့ အတွင်းရေးမှူးဖြစ်တဲ့ စောမုန်တိုင်းက လာမယ့် (ဂျူလိုင် ၇၊ ၂၀၁၃) တနင်္ဂနွေနေ့ မှာ ကလေးတွေကိုစတင်စာသင်မှာဖြစ်ကြောင်း။ ယခင်နှစ်ကတည်းက တာဝင်ယူသင်ကြားပေးခဲ့တဲ့ ဆရာကိုတင်ထွန်းအောင်ကပဲအဓိကတာဝန်ယူသင်မှာဖြစ်တဲ့အပြင် အချိန်ပိုင်းတာဝန်ယူသင်ပေးမည့်သူ(၂)လဲ ထပ်မံတိုးလာကြောင်းပြောပါတယ်။ ယဉ်ကျေးလိမ္မာသင်တန်းအတွက်ကို ကျောင်းထိုင်ဆရာတော် ဦးနန္ဒသာရက ကြီးကြပ်မှာဖြစ်ကြောင်းလဲ သိရပါတယ်။

 

ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်း(ဆီယက်တဲလ်)ဟာ အသင်းကို ၂၀၁၂ ဧပြီမှာ စတင်ဖွဲ့ စည်းခဲ့ပြီး အသင်းသားများဟာ ဆီယက်တဲလ် အပြင် အခြားပြည်နယ်များမှာလဲ ရှိကြောင်း၊ အသင်းကို အခက်အခဲများကြားမှ စေတနာအရင်းခံကာ ကိုယ်ပိုင်ငွေ၊ ကိုယ်ပိုင်အချိန်များ ဖဲ့ထုတ်ကာ ဝါသနာတူများစုပေါင်းလုပ်ကိုင်ခြင်းဖြင့် ရှင်သန်နေ ကြောင်းကို အသင်းရဲ့ကြီးကြပ်အကြံပေးဖြစ်သူ ကိုကျော်ဟုန်းမှ ပြောကြား ခဲ့ပါတယ်။      ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts