>
မျက်နှာပျက်ခြင်းများ
မျိုးမြင့်ချို
ဇွန် ၂၃၊ ၂၀၀၉
ကျနော်
ကျွဲပြဲကြီး စီးချလာတာ
အခု
ဒီတောင် ရောက်လာပြီ
ရေမျောကမ်းတင်လို အညှိတွေတက်ရင်း
ဝင်ကစွပ်ကောင်လို ကိုယ့်အိမ်ကိုယ့်ယာလုပ်ရင်း
ပုဇဉ်းရင်ကွဲလို အသံကျယ်ကျယ်ပေးရင်း
အသဲမရှိတဲ့ ကောင်ကများ
လက်မ တထောင်ထောင်လည်း နေချင်သေးသတဲ့
ပညာနဲ့တည်ဆောက်မှ တိုင်းပြည်ကိုရတော့မတဲ့
သူရဲကောင်းတွေ ပါးရှားပြီး
သူဖုန်းစားတွေ ပေါတဲ့ခေတ်
ကိုမြေနုရေ …
“ကျနော်တို့တတွေဟာ
မင်္ဂသုတ် တဝက်တပျက်
စစ်မက်နဲ့ ကြီးပြင်း
ပြေးလွှားရင်း စာငတ်
ဘာတတ်လို့လဲ ဆရာရယ်” တဲ့လား
ကျေးလက်ရဲ့ အသံကြားတိုင်း
အဆီးအတားနည်းတဲ့ လှိုင်းတွေထဲ လှိမ့်လှိမ့်ချရင်း
ငုတ်ကောင်လို နေသားတကျရှိနေတဲ့ ရက်တွေမှာ
ကောင်းကင်ပေါ်ပြုတ်ကျတဲ့အခါလည်း ပြုတ်ကျ
ဖုတ်ဖက်ခါပြီး ပြန်ထမိလိုက်တိုင်း
မမှတ်မိနိုင်လောက်အောင်များတဲ့
အမှတ်တရ ရက်တွေမှာ
ပြဒါးသေတာတွေမြင်ရင်
တပြည်ဝမယ့်ခေတ်ကို
ဘယ်မျက်နှာနဲ့ အပျက်ခံရပါ့မလဲ
ချဉ်ခြင်းတွေ တက်တိုင်း
ရှက်တယ်။ ။