>U Pe Thein’s Historic 8888 Cartoon of Burma

>

ကာတွန်းတပုံနှင့် ၈၈ အရေးတော်ပုံကို နမိတ်ဖတ်ခဲ့သူ ကာတွန်းဆရာ

ကာတွန်းဆရာကြီး (ဦး) ဖေသိန်း (၁၉၂၄ – ၂၀၀၉)

မိုးမခ

ဇွန် ၂၀၊ ၂၀၀၉

ဆရာရဲ့ အဲဒီကာတွန်းတပုံဟာ အာဏာရှင်ကို ခြောက်ခြားစေခဲ့တယ်။ ဆရာက ဒီကာတွန်းကို ရိုးရိုးသားသား အနုပညာဈန်တခုနဲ့ အာရုံရပြီး ဆွဲခဲ့တာပါ။ သို့သော် ၈ လေးလုံး အရေးတော်ပုံကြီးကို ကြိုတင်နမိတ်ဖတ်ခဲ့သလို ဖြစ်ခဲ့ပါတယ်။

၈၈ စက်တင်ဘာမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်မှာလည်း ဆရာကြီး ကာတွန်းဖေသိန်းကို စာနယ်ဇင်းများမှာ လွတ်လပ်စွာ ကာတွန်းဆွဲခွင့်၊ စာအုပ်ထုတ်ဝေခွင့်များကို အငြှိုးတကြီးနဲ့ ပိတ်ပင်တားမြစ်ခဲ့ပါတယ်။ အခု ဆရာကြီး ကွယ်လွန်ခဲ့သည်အထိပါပဲ။

သို့သော်လည်း ဆရာကြီးကို ချစ်သူ၊ ကာတွန်းချစ်သူ၊ ကာတွန်းဆရာတွေ၊ စာနယ်ဇင်းသမားတွေကတော့ နှစ်စဉ် ဆရာကြီးမွေးနေ့တိုင်းမှာ ဆရာကြီးအိမ်မှာ စုဝေးကြ၊ ဂါရ၀ပြုကြနဲ့ အမြဲထာဝရ မိတ်ဆွေစစ်တို့ ဆုံကြတဲ့ အေးရိပ်သာတခုအဖြစ် ရပ်တည်ခဲ့ပါတယ်။

ဆရာကြီးနဲ့ အနီးကပ်နေထိုင်ခဲ့ကြသူ ယခုတပြည်တရွာရောက် ကာတွန်းဆရာ ၀င်းထွန်းနဲ့ မောင်မောင်အောင်တို့က ဆရာကြီးရဲ့ ၈၈ သမိုင်းဝင်၊ မော်ကွန်းဝင် ကာတွန်းလက်ရာကို မိုးမခမှာ ဖော်ပြနိုင်ဖို့ ပေးပို့ခဲ့ကြလို့ ယခု စာဖတ်သူများနဲ့ မျှဝေခွင့်ရခဲ့တာ ဖြစ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts