>one more Guam?

>

မြန်မာပြည်သား တို့အတွက် ဒုတိယ ဂူအမ်ကျွန်း လာပြီလား
မိုးမခ အထောက်တော် ၀၀၄
ဇွန် ၁၄၊ ၂၀၀၉
Palau ကျွန်းနိုင်ငံ မြို့တော်ဟောင်း Koror တွင် ယနေ့ တွေ့ရသော မအေးအေးသန့် နှင့် မြန်မာပြည်သားများ။ (ဓာတ်ပုံ – AP)


ယခင်က ပစိဖိတ် သမုဒ္ဒရာအတွင်းရှိ ဂူအမ်ကျွန်းသို့ အရောက်သွားပြီး နိုင်ငံရေး ခိုလှုံခွင့် ရယူမှုများ ရေပန်းစားခဲ့သည်။ ယခုအခါ အလားတူ ကျွန်းတခု ထပ်မံ ပေါ်ပေါက်လာပြီဟု ယူဆဖွယ် ဖြစ်နေသည်။

မြန်မာပြည်သား ၁၁ ဦးသည် ပစိဖိတ် သမုဒ္ဒရာအတွင်းရှိ Palau ကျွန်းနိုင်ငံတွင် ရောက်ရှိနေပြီး ထိုမှတဆင့် သြစတေးလျနိုင်ငံသို့ သွားရောက် ခိုလှုံရန် စီစဉ်နေသည်ဟု www.mvarietynews.com ရှိ သတင်းတပုဒ်တွင် ဇွန်လ ၈ ရက်နေ့က ရေးသားထားသည်။

၎င်းတို့သည် မလေးရှား၊ ဖိလစ်ပိုင်နိုင်ငံတို့မှတဆင့် အဆိုပါ ကျွန်းနိုင်ငံငယ်သို့ ရောက်သွားခြင်း ဖြစ်သည်ဟု ဆိုသည်။

ထို ၁၁ ဦးတွင် မအေးအေးသန့် အမည်ရှိ အမျိုးသမီး ၁ ဦး နှင့် အမျိုးသား ၁၀ ဦး ပါဝင်သည်ဟု AP သတင်းတပုဒ်တွင် ရေးသားထားသည်။

ထို ၁၁ ဦးသည် ဖေဖော်ဝါရီ ၂၈ ရက်နေ့က ကမ္ဘာလှည့် ခရီးသည်များအဖြစ် ရောက်ရှိလာကြောင်း၊ နောက်ပိုင်းတွင် ဒုက္ခသည်အဖြစ် လျှောက်ထားခဲ့ကြောင်း Palau ကျွန်းနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး အရာရှိတဦးက ပြောသည်။

ထို ၁၁ ဦးကို အထူးနေထိုင်ခွင့် ပေးထားကြောင်း၊ ၎င်းတို့ကို စစ်ဆေးရန် ကုလသမဂ္ဂ ဒုက္ခသည်များ အေဂျင်စီ (UNHCR) အရာရှိတဦး ၎င်းတို့ထံ မကြာမီ သွားရောက်မည်ဟု ဆိုသည်။

ထိုကျွန်းနိုင်ငံသည် ဖိလစ်ပိုင်အနီး တည်ရှိသည်။ ၂၀၀၇ ခုနှစ် စာရင်းများအရ လူဦးရေ နှစ်သောင်းကျော် နေထိုင်သည်ဟု သိရသည်။

၁၉၉၅ ခုနှစ် မြန်မာပြည်သား အများအပြားသည် ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ဂူအမ်ကျွန်းသို့ သွားရောက်ပြီး နိုင်ငံရေး ခိုလှုံခွင့် ရယူခဲ့ကြသည်။ ဂူအမ်ကျွန်းသည် အမေရိကန် ပြည်ထောင်စု၏ အစောင့်ရှောက်ခံ ကျွန်း ဖြစ်သည်။

ယခုအခါ မြန်မာပြည်သား အများအပြားသည် ထိုင်း၊ မလေးရှား၊ အိန္ဒိယ နိုင်ငံများသို့ သွားရောက်ပြီး ဒုက္ခသည် အဖြစ် ခိုလှုံခွင့် တောင်းခံလျက် ရှိသည်။


ထိုကျွန်းနိုင်ငံငယ်သို့ လေယာဉ်ခရီးဖြင့် သွားရောက်နိုင်ပြီး အနီးဆုံးလမ်းမှာ ဖိလစ်ပိုင်နိုင်ငံမှတဆင့် သွားရောက်သောလမ်း ဖြစ်သည်။ (www.visit-palau.com)

Palau ကျွန်းနိုင်ငံရောက် မြန်မာပြည်သား ၁၁ ဦး။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts