>E Book – Poems of Conscious Vol 1 Out

>မြေပြန့်ရောက် တောင်ပေါ်သား စိုင်းခမ်းလိတ်

ယုံကြည်ချက်ကဗျာများ အပိုင်း၁ အင်တာနက်ပေါ်မှာ ထွက်ရှိ

စာအုပ်စင် သာဂိ

ဇွန် ၁၁၊ ၂၀၀၉

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကဗျာတွေက အစချီပြီး မြန်မာကဗျာဆရာကြီးတွေနဲ့တကွ လူငယ်၊ လူရွယ်တွေရဲ့ ကဗျာတွေကို နေရာအနှံ့ကစုပြီး အီးစာအုပ်ထုတ်လိုက်တာဖြစ်ပါတယ်။ ယုံကြည်ချက်ကဗျာများလို့ ဆိုတော့ ယုံကြည်ချက်အတွက် စွန့်လွှတ် စွန့်စားရသူတွေနဲ့ ပတ်သက်တဲ့ ကဗျာတွေလို့ ဆိုချင်ပုံပါပဲ။ မြန်မာကျူးပစ်ဖိုရမ်အဖွဲ့က စုစည်းထုတ်ဝေပါတယ်။ ပြည်တွင်းက စာဖတ်သူတွေအတွက် အီးမေးကတဆင့် ရကြရင် အဖိုးမဖြတ်နိုင်မယ့် စာအုပ်ဖြစ်ပါတယ်။ အမှတ် ၂ စာအုပ် ထုတ်ဦးမတဲ့လို့လဲ ရေးထားပါတယ်။ ဒီနေရာကနေ ယူပြီး လက်ဆင့်ကမ်းကြပေတော့။ ဒေါ်စုအတွက် ၆၄ ပွဲလုပ်ကြမည့်သူတွေအတွက် စင်ပေါ်တက် ဖတ်ပြစရာ ဒေါ်စုကဗျာတွေလည်း ပါတယ်ဆိုတော့ အချိန်အခါ သင့်တော်လှပါကြောင်း လက်တို့လိုက်ပါရစေ။ ဒီနေရာက ယူပါ – http://www.scribd.com/doc/16315069/Poems-of-Conscious-Vol-1


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts