>International Community to honor DASSK at her 64 birthday

>

ကမ္ဘာတ၀ှမ်း “ဒေါ်စုအတွက် ၆၄” မွေးနေ့ဂုဏ်ပြုပွဲများနှင့် စစ်အစိုးရကို ဆန္ဒပြကြဦးမည်

မိုးမခအထောက်တော် ၀၀၂

ဇွန် ၉၊ ၂၀၀၉

လာမည့် ဇွန်လ ၁၉ ရက်နေ့တွင် မြန်မာပြည်၏ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၆၄ နှစ် ပြည့်မည်ဖြစ်ရာ ယခုအချိန်အထိ စစ်အစိုးရ၏ မတရားစွပ်စွဲချက်မျိုးစုံဖြင့် အကျဉ်းချ ချုပ်နှောင် တရားရင်ဆိုင်နေရသော အတိုက်အခံခေါင်းဆောင်အတွက် နိုင်ငံတကာမိသားစုများက “စုအတွက် ၆၄” မွေးနေ့ဂုဏ်ပြုပွဲများ စုဝေးကျင်းပကြပြီး စစ်အစိုးရ၏ မတရားမှုများကို ကန့်ကွက်ရှုပ်ချသည့်သဘောထားဆန္ဒ ထုတ်ဖော်ပြကြမည့်လှုပ်ရှားမှုကြီးသဖွယ် ဖြစ်သည်ဟု ဆိုနိုင်သည်။

အမေရိကန်ပြည် မြို့တော်ဝါရှင်တန်က နိုင်ငံရေးအသိုင်းအ၀ိုင်းများ၊ မြန်မာအရေးဆောင်ရွက်သူများနှင့် အဖွဲ့အစည်းအသီးသီးက အမေရိကန်လွှတ်တော်၊ ရေဘန်ဟောက်စ် ရုံးအဆောက်အဦတွင် ဇွန် ၁၈ ရက် ညနေ ၃း၃၀ က ၅ နာရီအထိ ဒေါ်စု ၆၄ နှစ် မွေးနေ့ဂုဏ်ပြု အခမ်းအနားကျင်းပကြမည်ဟု “ဗမာပြည်အတွက် အမေရိကန် လှုပ်ရှားမှု” ဟု အမည်ရသည့် ယူအက်စ်ကင်ပိန်းဖော်ဘားမားက ကြေငြာထားသည်။

ကယ်လီဖိုးနီးယားပြည် ဆန်ဖရန်စစ္စကိုဘေးဧရိယာက “ဗမာအမေရိကန် အမျိုးသမီး မဟာမိတ်” အဖွဲ့ကလည်း ဇွန် ၂၀၊ နေ့ခင်း ၁၀ နာရီမှ ၂ နာရီ ဖရီးမောင့် မေတ္တာနန္ဒ၀ိဟာရတွင်း၎င်း၊ အယ်လ်အေမြို့ – ဗမာပြည် အယ်လ်အေ စည်းရုံးရေး (LA Organizers 4 Burma) အဖွဲ့ကလည်း ဇွန် ၂၁၊ လပွန်းတီးမြို့ – ဗမာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွင်၎င်း ဒေါ်အောင်ဆန်းစုကြည် ၆၄ နှစ်ပြည့် မွေးနေ့ဂုဏ်ပြုပွဲများ ကျင်းပကြမည်ဟု ထုတ်ပြန်ကြေငြာထားသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts