Uncategorized

News and Media

မျိုးစောင့်ဥပဒေအရေး ဆရာဒကာတွေ့ ဆုံဆွေးနွေး
ချမ်းမြ
ဇူလိုင် ၇၊ ၂၀၁၃

 

 

လူတိုင်းစိတ်ဝင်းစားနေတဲ့ မျိုးစောင့် ဥပဒေအရေးဟာ ဇွန် ၁၄ မှော်ဘီသံဃာ့ စည်းဝေးမှာ သတင်းစထွက်ခဲ့ပါတယ်။ ပြည်တွင်းပြည်ပ မီဒီယာတွေနဲ့ အဖွဲ့ အစည်းအချို့ လူပုဂ္ဂိုလ်အချို့ ကြားထဲမှာ ဆန့် ကျင်ဖက် ပဋိပက္ခ အသံတွေ ကျယ်လောင်သွားခဲ့ပါတယ်။

ဒါပေမယ့် ဇွန် ၂၇ အင်းစိန် သံဃာ့ညီလာခံမှာ သံဃာ ၁၅၀၀ ကျော်က သဘောထားမကွဲဘဲ တညီတညွတ်တည်း ဆန္ဒပြုခဲ့ကြပါတယ်။
ဒါကြောင့် ဘာသာဝင် အချင်းချင်းကြားမှာ – ဆရာဒကာ အချင်းချင်းကြားမှာ ပဋိပက္ခဆန့် ကျင်ဖက်တွေလျော့ပါးပြီးညီညီညွတ်ညွတ်အသံတူရအောင် ဆွေးနွေးနေကြပါတယ်။

အမျိုး ဘာသာ သာသနာထိန်းသိမ်းစောင့်ရှောက်ရေး အကျိုးတော်ဆောင် ဆရာတော် ၁ပါးဖြစ်တဲ့ ထိုင်းနိုင်ငံ မဟာချိုင်မှ ရွှေတွံတေးဆရာတော်က………..
ဘုန်းကြီးကိုယ်တိုင် အင်းစိန် သံဃာ့ညီလာခံကို တက်ရောက်ခဲ့တယ် ။ ရွာမဆရာတော်ကြီးနဲ့ လည်း သေသေချာချာဆွေးနွေးခဲ့ပါတယ်။အချင်းချင်းကြားမှာ သဘောထား ကွဲမှု ထင်မြင်လွဲမှုတွေ ပျောက်ပျက်ပြီး ဆရာဒကာ ညီညွတ်တဲ့ သဘောထားအသံတွေရဖို့ ဝိုင်းပြီးကြိုးစား နေကြတယ်။ ဇူလိုင်လဆန်းမှာ ဆရာဒကာတွေ့ ဆုံဆွေးနွေးပွဲတွေစကြပြီး ရွာမဆရာတော်ကြီးထံမှာ ၈၈ မျိုးဆက်တွေ အမျိုးသမီးအဖွဲ့ တွေ ပွင့်ပွင့်လင်းလင်း ဆွေးနွေးလျှောက်ထားကြတယ်။

မျိုးစောင့်ဥပဒေကိစ္စ လွှတ်တော်တင်ဖို့ အချိန်ကာလ – ထောက်ခံလက်မှတ်ကောက်ခံမှုကိစ္စ – ဘက်စုံတောင့်စုံကျယ်ကျယ်ပြန့် ပြန့် ပညာရှင်ပေါင်းစုံ ဆွေးနွေးရေးကိစ္စ စသဖြင့် ပွင့်ပွင့်လင်းလင်း လျှေက်ထားဆွေးနွေးကြတယ်။ အားလုံးကလည်း ကျယ်ကျယ်ပြန့် ပြန့် ထိထိရောက်ရောက်ဖြစ်အောင် အလုပ်ရုံ ဆွေးနွေးပွဲတွေ အမြန်ဆုံးလုပ်ကြဖို့  သဘောတူလက်ခံကြတယ် ၀ိုင်းဝန်းကြိုးစားကြမှာပါ စသဖြင့် ပြောကြားပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts